ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ DC ကိုဆိုရင်တော့ လူကြီးလူငယ်ကျားမ မရွေး အကုန်သိကြပါတယ်။DC မှ ရိုက်ကူးထွက်ရှိလာတဲ့ ဟီးရိုးဇာတ်ကားများဟာလည်း ပရိတ်သတ်တွေအကြား ရေပန်းစားအောင်မြင်ကျော်ကြားခဲ့တာ အခုထိပါပဲ။
Batman,Aquaman,Wonder Woman,Superman အစရှိတဲ့ ဟီးရိုးများဟာလည်း DC မှ ရိုက်ကူးထုတ်လုပ် မွေးထုတ်ပေးထားတဲ့ဇာတ်ကောင်များပဲဖြစ်ပါတယ်။ဒီဟီးရိုးဇာတ်ကောင်တွေဟာဆိုရင် အခုချိန်ထိ အသက်အရွယ်မရွေးသော ပရိတ်သတ်များရဲ့ အားပေးမှုကို ရရှိနေဆဲပါ။
ယခုအခါ DC မှ ထွက်ရှိလာတဲ့ ကာတွန်းရုပ်ရှင် တစ်ခုဖြစ်တဲ့ Injustice မှာဆိုရင် Superman နဲ့ Wonder Woman တို့ စကားပြောကြတဲ့အခန်းမှာ မြန်မာနိုင်ငံအကြောင်းထည့်သွင်းပြောဆိုလာတာကိုတွေ့ရပါတယ်။ "Cyborg နဲ့ Hawkman ဟာ မြန်မာပြည်သူတွေကို ကယ်တင်လိုက်ပြီ "ဆိုပြီး ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီဇာတ်ဝင်ခန်းကိုမြင်ရတဲ့အချိန်မှာ တကယ်ကို အားတက်ခဲ့ရပါတယ်။