ယောက်ျား​လေး အသုံးအဆောင် ပစ္စည်းတွေနဲ့ Tom Boy လေးတစ်ယောက်လို အထာကျနေတဲ့ သံသာမိုးသိမ့်

//s9.kh1.co/07/07f7ebbe2bd0c0703c58105de409b3fa19fb79ba.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မိန်းမချော ကာရိုက်တာနဲ့ ဗီလိန်ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူမို့ ဝါရင့် အနုပညာရှင်ကြီးများရဲ့ ချီးကျုးအားပေးခြင်းကို ရရှိထားပြီး ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ထားသူလေးကတော့ မင်းသမီးချောလေး သံသာမိုးသိမ့်ပဲဖြစ်ပါတယ်။ သံသာမိုးသိမ့်က အကယ်ဒမီရွှေကြိုမယ်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပေမယ့် ကျွန်မက မဟေသီ ဇာတ်လမ်းတွဲလေးနဲ့ လူသိများအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။

Photo Credit - Than Thar Moe Theint 's Facebook Page

သံသာက ကျရာကာရိုက်တာကို အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်သူလေးမို့ သူမ ပါဝင်ထားတဲ့ ဇာတ်ကားတိုင်းကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျတာကို တွေ့ရပါတယ်။ သံသာက ယခုလက်ရှိမှာတော့ ကိုဗစ်ကပ်ရောဂါတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားတာဖြစ်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်စေဖို့အတွက် အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတာပါ။

Photo Credit - Than Thar Moe Theint 's Facebook Page
Photo Credit - Than Thar Moe Theint 's Facebook Page
Photo Credit - Than Thar Moe Theint 's Facebook Page
Photo Credit - Than Thar Moe Theint 's Facebook Page

ယနေ့မှာဆိုရင်လည်း သရုပ်ဆောင် မင်းသမီးချောလေး သံသာက " ကိုယ့်ကောင်လေးအင်္ကျီကိုယ့်အင်္ကျီ ကိုယ့်ကောင်လေးဦးထုပ်ကိုယ့်ဦးထုပ် " ဆိုတဲ့ စာသားလေးအပြင် စတိုင်အလန်းလေးနဲ့ မိမိုက်နေတဲ့ ပုံလေးတွေကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလာတာပါ။ ကဲ ပရိသတ်တွေလည်း ကြည့်ရှုအချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo Credit - Than Thar Moe Theint 's Facebook Page
Photo Credit - Than Thar Moe Theint 's Facebook Page
Photo Credit - Than Thar Moe Theint 's Facebook Page
Photo Credit - Than Thar Moe Theint 's Facebook Page
Photo Credit - Than Thar Moe Theint 's Facebook Page
Photo Credit - Than Thar Moe Theint 's Facebook Page

သတင်း အရင်းအမြစ်Photo Credit - Than Thar Moe Theint 's Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T