ပရိသတ်တွေမမြင်ဖူးသေးလောက်တဲ့ ကလေးဘဝတုန်းက ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ အမှတ်တရပုံလေးတွေကို ချပြလာတဲ့ ပွင့်

//s9.kh1.co/9c/9c5a4acf826f1c7a40953f58089983c03d2d1cb4.jpg
အနုပညာရှင်များ

 ၁၄-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပွင့်ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပွင့်က အနုပညာအလုပ်တွေကို ဆယ်စုနီးပါးလောက် လုပ်ကိုင်လာခဲ့ပြီး ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit - Pwint -ပွင့် fb page
Photo Credit - Pwint -ပွင့် fb page
Photo Credit - Pwint -ပွင့် fb page
Photo Credit - Pwint -ပွင့် fb page

ပွင့်က တမူထူးခြားတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး ဝဝကစ်ကစ် ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေက ချစ်အားပိုနေရတာ ဖြစ်ပါတယ်။ ယခုမှာတော့ ပွင့်က ပရိသတ်တွေ မမြင်ဖူးလောက်တဲ့ ချစ်စရာပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်မှာ တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးကတော့ သူမက ကလေးဘဝတုန်းက ကရင်ဝတ်စုံလေးနဲ့ ရိုက်ထားတဲ့ အမှတ်တရပုံလေးတွေပဲ ဖြစ်ပါတယ်။

Photo Credit - Pwint -ပွင့် fb page
Photo Credit - Pwint -ပွင့် fb page
Photo Credit - Pwint -ပွင့် fb page
Photo Credit - Pwint -ပွင့် fb page

ဒီပုံလေးတွေနဲ့လည်း ပွင့်က "ပျော်ရွှင်စရာကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေ..... နော်ဘေဘီပွင့်လေး ငယ်ငယ်တုန်းကမူကြိုမှာ ကရင်ဒုံးယိမ်း ကခဲ့တုန်းကပေါ့ မောင် ညီမလေး​တို့ရေ.......ဒီကလေးမလေးက တစ်နေ့ကျရင်ယူတို့အချစ်တော် ဘေဘီပွင့်လေးဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့ပါ့မလားရှင့် ငယ်ငယ်ကနဲ့ အခုနဲ့တူလား ဘယ်အရွယ်လေးကိုပိုချစ်လဲ မှန်မှန်ပြော" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ပရိသတ်တွေလည်း ပွင့်ရဲ့ ကလေးဘဝတုန်းက ချစ်စရာပုံလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်Source - Pwint -ပွင့် fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T