ရဟန်းဝတ်နဲ့ပုံတွေက ကြည်ညိုဖွယ်ကောင်းလို့ ခန့်ညားတဲ့မြန်မာဘုန်းကြီးဆိုပြီး တရုတ်နိုင်ငံအထိတောင် ဝက်ဝက်ကွဲအောင်မြင်ကျော်ကြားနေတဲ့ ပိုင်တံခွန်

//s9.kh1.co/a3/a3e279b6d595145a7796f0194f4a1a7c71b484cf.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရဟန်းဝတ်နဲ့ပုံတွေက ကြည်ညိုဖွယ်ကောင်းလို့ ခန့်ညားတဲ့မြန်မာဘုန်းကြီးဆိုပြီး တရုတ်နိုင်ငံအထိတောင် ဝက်ဝက်ကွဲအောင်မြင်ကျော်ကြားနေတဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ မင်းသားချောလေးပိုင်တံခွန်ကတော့ အသက်ငယ်ငယ်လေးပဲရှိသေးပေမယ့် အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်ပြီး အောင်မြင်မှုတွေကိုကိုယ်တိုင်ရှာဖွေထားတာဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့အနုပညာအရည်အသွေးတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုတိုးတက်လာတာကြောင့် ပရိသတ်တွေအားပေးရကျိုးနပ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့ အောင်မြင်မှုတွေကတော့ မြန်မာပြည်မှာသာမက အိမ်နီးချင်းနိုင်ငံတွေအထိပါရေပန်းစားနေလို့ မြန်မာပြည်အတွက် ဂုဏ်ယူရပါတယ်နော်။

Photo Credit:Paing Takhon's Facebook page
Photo Credit:Paing Takhon's Facebook page
Photo Credit:Paing Takhon's Facebook page
Photo Credit:Paing Takhon's Facebook page

ပြီးခဲ့တဲ့နှစ်ကဆိုရင်လည်း ပိုင်တံခွန်က ထိုင်းနိုင်ငံက မိန်းကလေးတွေကြားမှာ အရမ်းရေပန်းစားအောင်မြင်ခဲ့သေးတာဖြစ်ပါတယ်။ထိုင်းနိုင်ငံက ဒိတ်ဒိတ်ကြဲမင်းသမီးတွေနဲ့လည်း ကြော်ငြာတွေအတူတူရိုက်ကူးရလို့ ပိုင်တံခွန်ရဲ့အနုပညာစန်းက အရမ်းကောင်းပါတယ်နော်။ပိုင်တံခွန်က အရမ်းအောင်မြင်လာပေမယ့်လည်းမာန်မာနမကြီးဘဲ သဘောကောင်းဖော်ရွေပြီး ပရိသတ်တွေအပေါ်မှာလည်းလေးစားလို့ လူတိုင်းကချစ်ခင်အားပေးနေရတာဖြစ်ပါတယ်။

Photo Credit:Paing Takhon's Facebook page
Photo Credit:Paing Takhon's Facebook page
Photo Credit:Paing Takhon's Facebook page
Photo Credit:Paing Takhon's Facebook page

အခုဆိုရင်လည်း ပိုင်တံခွန်က တရုတ်ပြည်မှာပါ ဆက်လက်အောင်မြင်နေတာဖြစ်ပါတယ်။ပိုင်တံခွန် ရဟန်းဝတ်တုန်းကပုံတွေဆိုရင် တရုတ်နိုင်ငံမှာ "ခန့်ညားတဲ့ဘုန်းကြီး"ဆိုပြီး Weibo hot searchထဲမှာ No.20နေရာရောက်နေတာဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ "တရုတ်လိုပါသင်ရတော့မယ် ထင်တယ်"ဆိုပြီး တရုတ်နိုင်ငံကပရိသတ်တွေအတွက် ကြိုတင်ပြင်ဆင်ဖို့စဉ်းစားနေပြီဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့အောင်မြင်မှုတွေက ကြက်သီးတဖြန်းဖြန်းထရလောက်အောင်ဂုဏ်ယူစရာကောင်းလို့ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Photo Credit:Paing Takhon's Facebook page
Photo Credit:Paing Takhon's Facebook page
Photo Credit:Paing Takhon's Facebook page
Photo Credit:Paing Takhon's Facebook page
Photo Credit:Paing Takhon's Facebook Account Mystory
Photo Credit:Paing Takhon's Facebook Account Mystory

Photo Credit:Paing Takhon's Facebook page
Source&Video Credit:May Chit Thway's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T