ဖေဖော်ဝါရီလ (၂၈) ရက်နေ့က ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ လှည်းတန်းလူထုလှုပ်ရှားမှုမှာ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ ကျိုက်ထိုမြို့က အာဇာနည်သူရဲကောင်းလေး မောင်ဇင်လင်းထက်ရဲ့ နောက်ဆုံးခရီးအတွက် နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ မေခလာက တက်နိုင်တဲ့ဘက်နေ အလှူငွေကူညီလှူဒါန်းပေးခဲ့တာလေးကို သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ယခုမှာဆိုရင် ပရိသတ်တွေကို ပြန်လည်ဖော်ပြလာခဲ့ပါတယ်။ သူမရဲ့ အလှူလေးနဲ့ ပတ်သက်ပြီး ပြောပြထားရာမှာလည်း....


" ကျဆုံးသွားတဲ့သူရဲကောင်း သားလေးဇင်လင်းထက် အမျှ အမျှ အမျှ....ချစ်ငယ် တတ်နိုင်တဲ့ဘက်ကနေ wave money ဖြင့် ငွေတစ်သိန်း(၁၀၀၀၀၀)သိန်းလှူတန်းပါသည်.....၂၈ ရက်နေ့က လှည်းတန်းတော်လှန်ရေးမှာ မျက်လုံးတစ်ဖက် ကျွတ်ပြီး ကျဆုံးခဲ့ရပါတယ်.... သူရဲ့ စျာပနရုပ်ကလပ်ကို မွန်ပြည်နယ် ကျိုက်ထို မြို့သူ၏အိမ်သို့သယ်ဆောင် မူပြုပြီးပါပြီ အလွန်ပင်ဆင်းရဲသော် ကလေးဖြစ်သောကြောင့် တတ်နိုင်သလောက်အလှူငွေကုသိုလ်ပြုနိုင်ပါရန် နှိုးဆော်ပါသည် " ဆိုပြီး ရေးသားဖော်ပြထားပါတယ်။


အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် တစ်နိုင်ငံလုံးက ပြည်သူပြည်သားတွေက တက်နိုင်သလောက် အလှူငွေတွေ ကူညီလှူဒါန်းပေးကြတာလည်း တွေ့မြင်ရပါတယ်။ အဆိုတော် မေခလာ ကလည်း သူမရဲ့ ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး တာဝန်သိပြည်သူတစ်ယောက်အနေဖြင့် လမ်းမပေါ်ထွက်ပြီး မျိုးဆက်သစ်လူငယ်နဲ့ တစ်သားတည်း ရပ်တည်ကာ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ကဲ..ပရိသတ်ကြီးရေ ဂုဏ်ပြုထိုက်သူကို တက်နိုင်တဲ့ဘက်ကနေ ဂုဏ်ပြုလှူဒါန်းပေးခဲ့တဲ့ မေခလာကို ဆုတောင်းစကားလေး ပြောပေးခဲ့ပါဦး။


သတင်းအရင်းမြစ်: Source - Photo Credit - May Khalar fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။