ပြည်သူတွေလှူဒါန်းထားတဲ့ငွေတွေကို သူမရဲ့မိဘနှစ်ပါးက အလွဲသုံးစားလုပ်မှာမဟုတ်ကြောင်း အသက်နဲ့ရင်းပြီး သစ္စာဆိုလိုက်တဲ့ ကျော်သူရဲ့သမီး

//s9.kh1.co/84/84fe6dae3348c3228c54acd5ec07e8989fa48ad5.jpeg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ကျော်သူနဲ့ သူ့ရဲ့ ဇနီးဖြစ်သူအား  နာရေးကူညီမှုအသင်းတွင်  လှူဒါန်းထားသော အလှူငွေများအား  အလွဲသုံးစားမှုဖြင့်  စွပ်စွဲခံနေရတာပဲ  ဖြစ်ပါတယ်။  အနုပညာရှင်များနဲ့  သူတို့နှစ်ဦးရဲ့ စိတ်ရင်းကို သိကြသောသူများကလည်း  ဦးကျော်သူတို့ဘက်မှ ယုံကြည်ကြကြောင်း  ရပ်တည်ပြောဆိုနေကြတာပဲ  ဖြစ်ပါတယ်။  ဦးကျော်သူရဲ့ သမီးကလည်း  သူမရဲ့မိဘနှစ်ပါးစလုံး  ပြည်သူတွေလှူဒါန်းထားသောအလှူငွေများအား အလွဲသုံးစားလုပ်မည့်သူများမဟုတ်ကြောင်း အသက်နဲ့ရင်းပြီးသစ္စာဆိုထားတာကို  လူမှုကွန်ယက်စာမျက်နှာတွင် အခုလိုရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Myint Mo Oo’s Facebook Account 
Photo Crd-Myint Mo Oo’s Facebook Account 
Photo Crd-Myint Mo Oo’s Facebook Account 
Photo Crd-Myint Mo Oo’s Facebook Account 

" ကျွန်မ၏ မိဘများဖြစ်သည့် ဦးကျော်သူ နှင့် ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ဒေါ်ရွှေဇီးကွက်သည်ပြည်သူလူထုမှယုံကြည်စွာလှူဒါန်းထားသောငွေနှင့် ဝတ္ထုပစ္စည်းတို့ကို ဘယ်တုန်းကမှကိုယ်ရေးကိုယ်တာ ကိုယ်ကျိုးအတွက် ငွေတစ်ပြားတစ်ကျပ်ကိုမှ အလွဲသုံးစား မလုပ်ဖူးပါ။ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဘဘဦးသုခတို့နှင့်အတူ၂၀၀၁ခုနှစ်တွင် စတင်တည်ထောင်တုန်းကလည်း စတင်မတည်ငွေအဖြစ်​ မိမိ မိဘများမှ ငွေဒါနပြုခဲ့သည်။ နာ/ကူအသင်း သက်တမ်းတစ်လျှောက်လုံးတွင်လည်း မိမိ မိဘများမှ လူအား၊အချိန်အား၊ငွေအားစိုက်ကာ ငွေတစ်ပြားတစ်ကျပ်မှမယူဘဲ စစ်မှန်‌သောပရဟိတ စိတ်ဖြင့်သာ ပြည်သူများအပေါ်တွင် အလုပ်အကျွေးပြုနေခြင်းသာ ဖြစ်ပါသည်။ 

Photo Crd-Myint Mo Oo’s Facebook Account 
Photo Crd-Myint Mo Oo’s Facebook Account 
Photo Crd-Myint Mo Oo’s Facebook Account 
Photo Crd-Myint Mo Oo’s Facebook Account 

မိမိရဲ့ မိဘများသည် သူတပါး၏ ပစ္စည်းဥစ္စာကို အဘယ်သော်အခါကမှ အဓမ္မဖြင့် လိမ်ညာအမြတ်ထုတ်ချင်း မလုပ်ခဲ့ဖူးပါ။ အထက်ပါအချက်များကို မိမိအသက်ဖြင့် သစ္စာဆိုရဲသည်။

မအလ အပေါင်းအပါနှင့် ပြိတ္တာများ၊မိသားစုဝင်များ၊ ယခု ကျွန်မ၏ဖေဖေနဲ့မေမေကို ဖမ်းဖို့ ပုဒ်မတွေထုတ်ထားတဲ့ မိစ္ဆာကောင်များ ကျွန်မကဲ့သို့ အမှန်အကန်သစ္စာဆိုရဲပါသလား။" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd- Myint Mo Oo’s Facebook Account 

Photo Crd-Myint Mo Oo’s Facebook Account 
Photo Crd-Myint Mo Oo’s Facebook Account 
Photo Crd-Myint Mo Oo’s Facebook Account 
Photo Crd-Myint Mo Oo’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T