tvN ရဲ့အသစ်ထွက်ရှိလာမယ့်ပင်လယ်ကမ်းစပ်အချစ်ဒရမ်မာလေးဖြစ်တဲ့ 'Hometown ChaChaCha' သည် မကြာသေးမီက Shin Min Ah, Kim Seon Ho နှင့် Lee Sang Yi တို့၏ဇာတ်ကောင်ပိုစတာအသစ်များကိုထုတ်ဖော်ပြသခဲ့တာကို တွေ့ရပါတယ်။
Shin Min Ah သည်လှပထက်မြက်ပြီးပြီးပြည့်စုံတဲ့ မြို့ကြီးသူတစ်ယောက် Yoon Hye Jinအနေနဲ့ ပါ၀င်သရုပ်ဆောင်ထားပြီး သူမဟာ အလုပ်များပြီးရှုပ်ထွေးလှတဲ့သူမရဲ့ဘ၀ကို ငြီးငွေ့လာခဲ့ပြီးနောက်မှာ ပင်လယ်ကမ်းစပ်မြို့လေးဖြစ်တဲ့ Gongjin ကိုရောက်ရှိလာခဲ့ပါတယ်။
Kim Seon Hoကတော့ Main Leadအနေနဲ့ပါ၀င်သရုပ်ဆောင်ထားပြီး အလုပ်အကိုင်အတည်အကျမရှိတဲ့လူငယ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး Gongjinရွာကသူတွေ ဒုက္ခရောက်တိုင်း ကူညီပေးတတ်တဲ့ Hong Doo Sik အဖြစ်ပါ၀င်ထားပါတယ်။ ဒီဒရမ်မာလေးကို ဩဂုတ်လ ၂၈ရက်မှာထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး Netflixကနေလည်းကြည့်ရှုလို့ရပါတယ်။
သတင်း အရင်းအမြစ်៖ Twitter