ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေကိုဖယ်ရှားတဲ့အချိန် အသုံးပြုတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒီနည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ Waxing ဟာ လူသိနည်းနေသေးတဲ့နည်းလမ်းဖြစ်ပေမဲ့ ကောင်းကျိုးတွေအများကြီးရှိတဲ့နည်းလမ်းလည်းဖြစ်ပါတယ်။
အရင်ဆုံး Waxing လုပ်ခြင်းဟာ အမွှေးအမျှင်တွေကို အမြစ်ကနေဆွဲထုတ်ပေးတာကြောင့် အမြစ်ပါရှင်းပြီးတော့ အမွှေးပေါက်နှုန်းကိုနှေးစေပါတယ်။ ဒါ့အပြင် Wax အများစုဟာသဘာဝပစ္စည်းတွေကိုအသုံးပြုထားတာဖြစ်တာကြောင့် အသားအရေကိုထိခိုက်မှုမရှိဘဲ ချောမွေ့တဲ့အထိအတွေ့ဖြစ်စေပါတယ်။ ရိတ်တာ လေဆာနှင့်လုပ်တာမျိုးလို ဂရုစိုက်စရာမလိုဘဲ အလွယ်တကူလုပ်ဆောင်နိုင်တဲ့အပြင် ဒဏ်ရာတွေရနိုင်ခြေလည်းမရှိပါဘူး။
တစ်ခြားနည်းလမ်းတွေနှင့်ယှဥ်ရင် နာကျင်မှုနည်းနည်းဖြစ်စေပေမဲ့ လုပ်ဖန်များလာရင် အမွှေးတွေကိုအရှင်းနီးပါးပျောက်လာစေနိုင်ပါတယ်။ တစ်ချို့ နည်းလမ်းတွေလို အသားအရေကိုမဲသွားစေတာ တွန့်သွားစေတာမျိုးလည်းမရှိတာကြောင့် အကောင်းဆုံးနည်းလမ်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။