နွေရာသီလိုမျိုးပူလောင်တဲ့ရာသီဥတုမှာ ဒီလိုအပွဖြစ်ပြီးချောင်ချောင်ချိချိဝတ်ဆင်နိုင်တဲ့ ဘလောက်စ်တွေဟာလူကြိုက်များလေ့ရှိပါတယ်။ သာမာန်လိုမဟုတ်ဘဲ ထူးထူးခြားခြားဖြစ်အောင်ပါ ဒီဇိုင်းထွင်ထားပါတယ်။
ဒီလိုချည်အပျော့သားဘလောက်စ်တွေဟာလည်း နွေရာသီအတွက်အဆင်ပြေတဲ့အထည်လေးတွေဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီလိုအထည်မျိုးတွေဟာနွေအတွက်သာမက ရာသီမရွေးဝတ်လို့အဆင်ပြေတဲ့အထည်တွေဖြစ်ပါတယ်။
အပွဝတ်ရတဲ့ဘလောက်စ်ပုံစံဖြစ်ပေမဲ့ ဒီဇိုင်းကလူငယ်ဆန်သလိုချစ်စရာကောင်းတဲ့ပုံစံကိုလည်းဖြစ်စေနိုင်တဲ့ အထည်ဖြစ်ပါတယ်။ ဒီလိုချည်သားဘလောက်စ်တွေဟာ နွေရာသီမှာရာသီဥတုကိုအံတုဖို့အကောင်းဆုံးအကူအညီဖြစ်သလို ဒီဇိုင်းလည်းလှတာကြောင့် ပွဲနေပွဲထိုင်ပါဝတ်ဖို့အဆင်ပြေပါတယ်။
လက်မှုအတတ်ချည်ထိုးလိုမျိုးနှင့်ပေါင်းစပ်ထားတဲ့ ဒီလိုဘလောက်စ်တွေကလည်း နွေရာသီမှာလှလှပပဝတ်ချင်တဲ့ကောင်မလေးတွေရွေးချယ်သင့်တဲ့ အထည်ဖြစ်ပါတယ်။ ပေါ့ပါးသလို တစ်ချိန်တည်းမှာထည်ဝါတဲ့အသွင်အပြင်ကိုလည်းဖြစ်စေပါတယ်။
ဖဲတွန့်လေးတွေနှင့် ဒီလိုဘလောက်စ်အင်္ကျီတွေကလည်း ချောင်ချောင်ချိချိနှင့်လှလှပပဝတ်ချင်တဲ့ မိန်းကလေးတွေအတွက် ရွေးချယ်သင့်တဲ့အင်္ကျီအမျိုးအစားဖြစ်ပါတယ်။ လူငယ်မဆန်ပေမဲ့ တွဲဖက်ဝတ်လိုက်ရင် ပေါ့ပါးပြီး တည်ငြိမ်တဲ့အသွင်အပြင်ဖြစ်စေပါတယ်။
Shoulder off ဘလောက်စ်တွေကလည်း နွေရာသီရဲ့ရာသီစာအင်္ကျီလို့တောင် သတ်မှတ်နိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။ ပုံစံဒီဇိုင်းအမျိုးမျိုး ဖန်တီးနေကြပေမဲ့ တွေကတော့ ဘယ်ခေတ်မှာမဆိုမရိုးနိုင်တဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။