မြန်မာပြည်ကိုရောက်လာတဲ့အနောက်အရပ်ကအိမ်နီးချင်း


မြန်မာပြည်ကိုမနေ့ကအိန္ဒိယဝန်ကြီးချုပ်ရှရီနာရန်ဒရာ

မိုဒီအလည်အပါတ်ရောက်လာခဲ့ပါတယ်။

ဝန်ကြီးချုပ်မိုဒီဟာ အစိုးရရုံးစိုက်ရာနေပြည်တော်ရှိ

နိုင်ငံတော်သမ္မတကြီးဦးထင်ကျော်ရဲ့နိုင်ငံတော်

သမ္မတအိမ်တော်မနေ့ကအလည်အပါတ်သွားရောက်ခဲ့

ပြီးနှစ်နိုင်ငံစီးပွားရေးလူမှုရေးကိစ္စတွေကို

ဆွေးနွေး ခဲ့ကြပါတယ်။



ဒီနေ့မနက်ပိုင်းမှာတော့မစ္စတာမိုဒီဟာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပါတယ်။

သူတို့နှစ်ယောက်တွေ့ဆုံမှုအပြီးမှာ

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ ဆယ်ခုကျော်

လက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်းသိရပါတယ်။

မြန်မာနဲ့အိန္ဒိယဟာရှေးရှေးကတည်းက

ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ကြတဲ့အိမ်နီးနားချင်းတွေပါ။



အန္ဒိယခေါင်းဆောင်ကြီးတွေဖြစ်တဲ့ နေရူး၊ဂန္ဓီ

မြန်မာအမျိုးသားခေါင်းဆောင်ကြီးတွေဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်း၊ဦးနုတို့ကနေစပြီးယခုမစ္စတာမိုဒီနဲ့ဒေါ်အောင်ဆန်းစုကြည်

လက်ထက်အထိရင်းနှီးနွေးထွေးသောဆက်ဆံရေးတွေရှိကြပါတယ်။အန္ဒိယအနေနဲ့မြန်မာပြည်အတွက်လိုအပ်နေတဲ့အကူအညီတွေကိုအတတ်နိုင်ဆုံးကူညီပေးသွားမယ်လို့ဂတိပေးသွားတယ်လို့လည်းသိရပါတယ်။


Source-BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။