ယခုလတ်တလောမှာ တစ်သိန်းတန်ငွေစက္ကူတစ်ရွက်ဟာ ဖေ့ဘုတ်မှာပျံ့နှံ့လို့နေပါတယ်။ထိုပိုက်ဆံရဲ့ ပုံစံဟာလည်း ငါးထောင်တန်ကဲ့သို့ ကြက်သွေးရောင်ပုံစံဖြစ်ပြီး ပိုက်ဆံထဲက ခြင်္သေ့ပုံနေရာမှာ အရိုးခေါင်းနဲ့ဂီတာနှစ်လက်ပုံစံကို ထည့်ထားတာပဲဖြစ်ပါတယ်။မြန်မာလိုတန်းဖိုရေးပြသောစာမှာ လည်း တစ်သိန်းကျပ်လို့ တွေ့ရပြီး အင်္ဂလိပ်လိုနေရာမှာတော့ တစ်သိန်းကျပ်ဆိုပြီးရေးထားတာကိုတွေ့ရပါတယ်။

။ဒါကို မြန်မာနိုင်ငံက ဗဟိုဘဏ်က ငွေကြေးစီမံဌာနမှ ညွန်းကြားရေးမှုး ဦးအောင်ကျော်သန်းက ငြင်းဆိုထားပါတယ် “သတင်းတွေထွက်တာတွေ့ပေမဲ့ မဟုတ်ပါဘူး။ပုံတွေကိုလည်းကြည့်ပါအုံး လင်းယုန်တွေဘာတွေနဲ့ မဟုတ်ပါဘူး” လို့ပြောထားပါတယ်။တစ်သိန်းတန်ဟာ လူငယ်ဖိုတိုရှော့ကျွမ်းကျင်တဲ့သူတစ်ယောက် လက်ဆော့ပြီးတင်ခဲ့တယ်လို့ထင်ပါတယ်။

မြန်နိုင်ငံရဲ့ငွေကြေးအရ တစ်သောင်းတန်ဟာ အမြင့်ဆုံးဖြစ်ပါတယ်။တစ်သောင်းတန်ရဲ့ အထက်ကိုပိုထုတ်ခဲ့မယ်ဆိုရင် ငွေကြေးဖောင်းပွမှုတွေများစွာဖြစ်လာနိုင်ပါတယ်။မြန်မာနိုင်ငံမှာတော့ ငါးထောင်တန်နဲ့တစ်သောင်းတန်ဟာ တွင်ကျယ်စွာအသုံးပြုနိုင်သော်လည်း ပိုက်ဆံအတုများကိုလည်းမကြာခဏတွေ့လေ့ရှိပြီး ဗဟိုဘဏ်မှလည်းတင်းကြပ်စွာရှင်းလင်းလျှက်ရှိပါတယ်။

သတင်းအရင်းအမြစ် - The Myanmar Times Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။