ယခုလက်ရှိ အချိန်တွင် မြန်မာနိုင်ငံနှင့်တစ်ဝှမ်းလုံးတွင် အကြမ်းဖက်ရန်မှ သတိထားရန် သတိပေးချက်များထုတ်ပြန်ထားသည်။ ထို့အပြင် ရှမ်းပြည်နယ် ကျိုင်းတုံတွင်လည်း ရခိုင်ဒေသတွင်ဖြစ်ပေါ်နေသည့် အကြမ်း ဖက်မှုများနှင့်ဆက်နွှယ်၍ မြန်မာနိုင်ငံ မြို့ကြီး နေရာအချို့တွင် အကြမ်းဖက်ဖောက်ခွဲမှုများ လုပ်ဆောင်လာနိုင်ဖွယ်ရှိသည့် သတင်းကြောင့် ရဲတပ်ဖွဲ့က သတိပေးထားသည်။ ယခုကဲ့သို့ သတိထားရန် ကျိုင်းတုံမြို့နယ် အပါအဝင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် လုံခြုံရေး သတိရှိကြရန် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးသက် လွင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

''ARSA အကြမ်းဖက်ဖြစ်စဉ်နှင့်ဆက် နွှယ်ပြီး မြို့ကြီးနေရာတချို့မှာ အကြမ်းဖက် ဖောက်ခွဲမှုတွေ လုပ်ဆောင်လာနိုင်ဖွယ်ရှိတဲ့ သတင်းကြောင့် လုံခြံုရေးသတိရှိကြဖို့ လိုပါ တယ်။ ထူးခြားဖြစ်စဉ် အခြေအနေတွေကို မသင်္ကာဖွယ်တွေ့ရှိရင် နီးစပ်ရာအုပ်ချုပ်ရေးနဲ့ လုံခြံုရေးတာဝန်ရှိသူတွေကို ချက်ချင်းဆက် သွယ် သတင်းပေးစေလိုပါတယ်''ဟု ရဲမှူးကြီး သက်လွင်က ပြောဆိုသည်။ ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေး မှူးရုံးတွင် စက်တင်ဘာ ၆ ရက်က ပြုလုပ်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့မိမြို့ဖများတွေ့ဆုံပွဲတွင် ရဲမှူးကြီးက ပြောဆို ခဲ့ခြင်းဖြစ်သည်။

''ကျိုင်းတုံမြို့အထွက် တာချီလိတ်လမ်းက နောင်နွမ်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တာဝန် ကျ နေတဲ့ ဌာနဆိုင်ရာတွေမှာ လုံခြုံရေးအတွက် တာဝန်ရှိပါတယ်။ ကိုယ့်ရုံးခန်းလေးထဲမှာပဲထိုင်နေပြီး ကားသမားလာပေးတဲ့ ခရီးသည် စာရင်းနဲ့ ကုန်ပစ္စည်းစာရင်း လက်ခံရုံလောက်နဲ့ မလုံလောက်ပါဘူး။ ဒီဂိတ်ကနေ ဝင်၊ ထွက်နေ သမျှ ယာဉ်တိုင်းကို လုံခြံုရေးအမြင်နဲ့ပူးပေါင်း စစ်ဆေးကြပ်မတ်ကြဖို့ လိုအပ်ပါတယ်''ဟု ကျိုင်းတုံမြို့ တွဲဖက်ပြည်နယ်လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက ပြောဆိုသည်။ ကျိုင်းတုံမြို့အထွက် တာချီလိတ်လမ်းရှိ နောင်နွမ်းပူးပေါင်းစစ်ဆေးရေးဂိတ်သည် မိုင်း လား၊ မိုင်းယန်း၊ မိုင်းခတ်လမ်းမှ တာချီလိတ်သို့ လည်းကောင်း၊ တောင်ကြီး၊ လွိုင်လင်၊ နမ့်စန်၊ မိုင်းပျဉ်းမှ တာချီလိတ်သို့လည်းကောင်း၊ မက် မန်းမှ တာချီလိတ်သို့ ကျိုင်းတုံမြို့ကို ဖြတ်သန်း သွားလာသည့်လမ်းဖြစ်သည်။ အစိုးရက စက်တင်ဘာ ၅ ရက်ကထုတ် ပြန်သည့် ကြေညာချက်တွင် ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေသော ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက် မှုသတင်းနှင့် မလိုလားအပ်သော ပဋိပက္ခများ မဖြစ်ပေါ်စေရေး လုံခြံုရေးသတိရှိကြပါ၇န် နိုးဆော်ထားသည်။

Source – Myanmar Time

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။