စက်တင်ဘာ ၁၁ ရက် တွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့အပါအဝင် မြို့ကြီးများ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေသည်ဆိုသည့် သတင်းများကြောင့် လုံခြုံရေးအထူးသတိရှိရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများက အခြေခံပညာကျောင်းများသို့ အဆင့်ဆင့် ညွှန်ကြားထားတယ်လို့သိရပါတယ်။အခြေခံပညာကျောင်းများမှ တာဝန်ရှိသူများအနေဖြင့် အ ကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှု နှင့် ပတ်သက်၍ မသင်္ကာဖွယ် ကိစ္စရပ်များဖြစ်ပေါ်ပါက တိုင်း ဒေသကြီးနှင့် ပြည်နယ်ပညာရေး မှူးရုံးများနှင့် သက်ဆိုင်ရာ လုံခြုံ ရေးတပ်ဖွဲ့များသို့ အသိပေးအ ကြောင်းကြားရန် ညွှန်ကြားထား သည်။

‘‘လုံခြုံရေးသတိထားဖို့တော့ မြို့နယ်ပညာရေးမှူးရုံးကတစ် ဆင့် ကျောင်းတွေကို သတိပေးဖို့ ညွှန်ကြားထားတယ်။ စာထုတ် တာတော့မရှိဘူး။ နှုတ်နဲ့ပဲ ညွှန် ကြားတာပေါ့။ အရင်ရက်တွေ ထက် လုံခြုံရေးတင်းကျပ်ဖို့တော့ သတိပေးထားတယ်’’ဟု ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကိုကိုက ပြော သည်။‘‘ခုနကပဲ (စက်တင်ဘာ ၁၀ ရက် နေ့လယ်) ကျောင်းမှာ အ စည်းအဝေးလုပ်ပါတယ်။ မြို့နယ် ပညာရေးမှူးရုံးက လုံခြုံရေးဂရု စိုက်ဖို့ ကျောင်းကို လှမ်းပြော တယ်။ ဂိတ်ဂျူတီစောင့်တဲ့နေရာ မှာ ပိုသတိထားဖို့ပြောတယ်။ ကျောင်းစောင့်နဲ့ ဆရာ၊ ဆရာမ တွေပဲပေါ့။ ရဲတပ်ဖွဲ့ဘာညာခေါ် တာတော့ မရှိပါဘူး’’ဟု အလက (၂) မိတ္တီလာမှ အလယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

တယ်လီဖုန်းမက်ဆေ့ချ်များ၊ ဖေ့စ်ဘွတ်ခ်နှင့် မက်ဆင်ဂျာများမှ တစ်ဆင့် စက်တင်ဘာ ၁၁ ရက် တွင် အကြမ်းဖက် တိုက်ခိုက်မှု များပြုလုပ်ရန် စီစဉ်နေသည်ဆို သည့် သတင်းများကြောင့် ကျောင်းသားမိဘများအနေဖြင့် ကလေးများကို ကျောင်းလွှတ်ရန် စိုးရိမ်ပူပန်မှုများရှိနေကြတာဖြစ်ပါတယ်။

‘‘စက်တင်ဘာ ၁၁ ရက်မှာ ဘာလုပ်မယ်၊ ညာလုပ်မယ်ကြား နေတာ့ ကလေးကို ကျောင်းမ လွှတ်ချင်ဘူး။ ဖြစ်လာရင် ကျောင်း တွေမှာက လုံခြုံရေးအင်အား တောင့်တောင့်တင်းတင်းလည်း မရှိတော့ ပိုစိုးရိမ်ရတယ်’’ဟု တာ မွေမြို့နယ်နေ မူလတန်းကျောင်း သားမိခင်တစ်ဦးက ပြောသည်။

သတင်းအရင်းအမြစ်-7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။