ယမန်နှစ်တွင် မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူ ၅၉ ဦးရှိခဲ့ရာမှ ယခုနှစ်မိုးရာသီအတွင်း နိုင်ငံတစ်ဝန်း မိုးကြိုးပစ်ခံရ၍ သေဆုံးသူဦးရေ၈ဝ အထိ ရှိလာသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။   

ရရှိသောသတင်းမှာ အဆိုပါ ဦးစီးဌာနက ထုတ်ပြန်ခဲ့သည့် ဧပြီ ၁ ရက်မှ သြဂုတ် ၂၈ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိုးကြိုးကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရရှိသူများ ထောက်ပံ့မှုစာရင်းအရ သိရှိရခြင်းဖြစ်သည်။မိုးရာသီအတွင်း မိုးကြိုးကြောင့် သေဆုံးသူအများသေဆုံးမှုဖြစ်ပေါ်ခဲ့တယ့်မြို့တွေကတော့ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့ဖြစ်တယ်လို့လည်းသိရပါတယ်။

စာရင်းများအရ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူ ၁၈ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၂ ဦး၊ တနသင်ာ်ရီတိုင်းဒေသကြီး၊ မန္တလေးဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ခုနစ်ဦးစီ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်ဦး၊ ရခိုင်ပြည်နယ်တွင် လေးဦး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တွင် သုံးဦးစီ၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် နှစ်ဦးစီ၊ ကယားပြည်နယ်နှင့် နေပြည်တော်တွင် တစ်ဦးစီဖြစ်ကြောင်းသိရပါတယ်။မိုးကြိုးပစ်ခံရ၍ သေဆုံးသူများကို တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်သုံးသိန်းနှုန်းနှင့် ဒဏ်ရာရရှိသူများကိုလည်း ထောက်ပံ့ငွေပေးအပ်ခဲ့သည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။

သတင်းအရင်းအမြစ်-မြန်မာတိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။