ပုဂံဘုရားတွေကတော့ မြန်မာပြည်သူတွေအတွက် အသက်သွေးကြောတစ်ခုပါ။သမိုင်းထင်ရှားခဲ့တယ့် ပုဂံဘုရားတွေကတော့ နိုင်ငံတကာကစိတ်ဝင်စားခဲ့ကြသလို ရှေးခေတ်လက်ရာတွေကလည်း အံ့မခန်းပါပဲ။သဘာဝဘေးအန္တရာယ်တွေကြောင့် ရှေးခေတ်လက်ရာတွေပျက်စီးသွားခဲ့ရတာကိုတော့ ပရိသတ်တွေအသိဖြစ်မှာပါ။ယခုအခါ အိန္ဒိယနိုင်ငံ အစိုးရက ပုဂံကအာနန္ဒာ ဘုရားကြီးပြင်ဆင်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 

နှစ်ပေါင်းများစွာ စွဲကပ်နေတဲ့ ရေညှိနဲ့ အမဲအစွန်းတွေကို သူတို့နည်းပညာနဲ့ ဖယ်ရှားဖို့ ရူပီး ၉ ကုဋေ အကုန်ကျခံ ဆောင်ရွက်ပေးမယ်လို့သိရပါတယ်။အိန္ဒိယ ဝန်ကြီးချုပ်မိုဒီဟာ သူတို့ ဆောင်ရွက်ပေးခဲ့တဲ့ အာနန္ဒါဘုရားကြီးကို လာရောက်ဖူးမျှော်ကြည်ညိုတာပါ ။ဘာတွေ ပြင်ပေးတာလည်းလို့ သိချင်သူများအတွက် မပြင်ခင်က ပုံနဲ့ ပြင်ဆင်ပြီးပုံလေးတွေ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် ။

ရှေးပုဂံသားတွေရဲ့ အနုပညာလက်ရာတွေဟာ ချေးချွတ်ပြီးတဲ့အခါမှာ ပြန်ပေါ်လာတာ တွေ့ရတယ် ။စဉ့်ပြားတွေဟာ ၅၅၀ ဇတ်တော်တွေဖြစ်ပြီး ဇာတ်ကြီးဆယ်ဘွဲ့လည်းဘုရားအပေါ်ဆုံးမှာ အံ့သြဖွယ်ရာပါဝင်နေတာ တွေ့ရပါတယ် ။သာဓုခေါ်စရာ ဖြစ်ပြီးယဉ်ကျေးမှုရှိတဲ့(ဘုရားကြည်ညိုတဲ့) ဟိန္ဒူအနွယ်ဝင် အိန္ဒိယလူမျိုးတစ်ဦးရဲ့ စေတနာသဒ္ဒါတရားကို သတိထားမိကြ စေချင်လို့ဖော်ပြလိုက်ရပါတယ်။

သတင်းအရင်းအမြစ်-Anawyahtar King

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။