ဒီတစ်ပတ်မှာတော့ ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းတွေက စျေးတက်လာပါတယ်။ ပဲတီစိမ်းစျေးတွေလည်း တက်လာပြီး မတ်ပဲကတော့ စျေးငြိမ်နေပါတယ်။ တရုတ်ကြက်သွန်အချို့ အနည်းငယ်ဝင်လာပေမယ့် ပြည်တွင်း ကြက်သွန်နီစျေး ကတော့ အကျ မရှိဘဲ အနည်းငယ် တက်နေပါတယ်။ တစ်ပတ်တစ်ခါလောက်ကို စားသုံးကုန် သီးနှံတွေက စျေးအပြောင်းအလဲ ဖြစ်နေတာကိုလည်း အိမ်ရှင်မတိုင်း သိပြီးဖြစ်ပါတယ်။ အများစုက စျေးငြိမ်နေသည့်တိုင် အချို့သော စျေးနှုန်း အပြောင်းအလဲဖြစ်ခဲ့သော သီးနှံများကို တင်ဆက်ပေးလိုက်ပါတယ်။

စျေးငြိမ်နေသော မတ်ပဲ

မတ်ပဲက ပြီးခဲ့တဲ့ အပတ်ကပဲ အကျဘက်ကို ဦးတည်ခဲ့ပြီး ဒီတစ်ပတ်မှာလည်း အကျစျေးနဲ့ ငြိမ်နေပါတယ်။

တစ်တန်ကို ငွေကျပ် ၅၆ဝဝဝဝ ဝန်းကျင်မှာ စျေးငြိမ်နေ တာဖြစ်ပါတယ်။ တစ်ပတ်အတွင်း တချို့ရက်တွေမှာ ထောင် ဂဏန်းလောက် တက်လာပြီး တချို့ရက်တွေမှာ ထောင်ဂဏန်း ဝန်းကျင် စျေးကျသွားတာကို တွေ့ရပါတယ်။

လက်ရှိ မတ်ပဲပေါက်စျေးကတော့ ငွေကျပ် ၅၆ဝဝဝဝ ဝန်းကျင်မှာသာ အပြောင်းအလဲဖြစ်နေပါတယ်။

ပဲတီစိမ်း စျေးတက်

ပဲတီစိမ်း စျေးနှုန်းတွေကတော့ တစ်ပိဿာကို ငွေကျပ် ၁၅၈ဝ မှ ၂၃၃၅ အထိပေါက်စျေးရှိခဲ့ပြီး ပြီးခဲ့တဲ့အပတ်ကထက် တစ်ပိဿာကို ငွေကျပ် ၁၅ဝ ခန့် စျေးတက်လာတာကို တွေ့ရပါတယ်။

စီပီပြောင်းစျေးကျ

စီပီပြောင်းက တစ်ပိဿာကို ငွေကျပ် ၄၂ဝ ကနေ ၅၂ဝလောက်ပဲ ပေါက်စျေးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်ရဲ့ အနိမ့်ဆုံး စျေး လောက်သာ ရှိပါတယ်။ 

ကုလားပဲစျေးမြင့်

ကုလားပဲမျိုးဝယ်ယူမှုများနေတဲ့အတွက် ကုလားပဲစျေး ကတော့ ဆက်ပြီး မြင့်နေပါတယ်။ လက်ရှိကုလားပဲစျေးက တစ်တင်းကို ငွေကျပ် ၄၅ဝဝဝခန့် စျေးရရှိနေပြီး မျိုးပဲကတော့ တစ်တင်းကို ငွေကျပ် ၄၆ဝဝဝခန့် ပေါက်စျေးရှိနေပါတယ်။

နှမ်းညိုစျေး အနည်းငယ်တက်

ပြည်တွင်းစျေးကွက်အတွင်း နှမ်းအဝင်အထွက်မရှိသလို ဝယ်လက်နည်းနေပေမယ့် နှမ်းညိုစျေးကတော့ တက်ရိပ်ပြန်ပြ လာပါတယ်။ လက်တလောပေါက်စျေးကတော့ တစ်အိတ်ကို ငွေကျပ် ၉ဝဝဝဝ $ခန့် ပေါက်စျေးရှိပြီး ၂ဝဝဝ ခန့် စျေးတက်လာပါတယ်။

ဧည့်မထမိုးဆန်နဲ့ မြီးတုံးဆန် စျေးတက်

ပြည်တွင်းစျေးကွက်ကို ဆန်ကြမ်းအဝင်နည်းတာရယ် ပြည်ပပို့ကုန်များနေတဲ့အတွက်ကြောင့် ဆန်ကြမ်းစျေးတွေက ဆက်ပြီး စျေးတက်နေပါတယ်။ ဧည့်မထဆန်ကတော့ တစ်အိတ်ကို ငွေကျပ် ၈ဝဝ ခန့် စျေးတက်လာပြီးတော့ မြီးတုံးဆန်ကတော့ တစ်အိတ်ကို ၁ဝဝဝ ခန့် စျေးတက်လာပါတယ်။

လက်ရှိပေါက်စျေးက ဧည့်မထ ဆန်တစ်အိတ်ကို အမြင့် ဆုံးစျေး ငွေကျပ် ၂၂ဝဝဝ ရှိပြီး မြီးတုံးဆန်ကတော့ အမြင့်ဆုံး စျေးငွေကျပ် ၂၇ဝဝဝ ပေါက်စျေးရှိနေပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီ အသစ်ပေါ်ဖို့ တစ်လအလိုမှာ ပြည်တွင်း ကြက်သွန်နီစျေးတွေ ငွေကျပ် ၂ဝဝဝ ကျော်နဲ့ အထက်စျေးတက် လာခဲ့ပြီး ပြည်တွင်းကြက်သွန်နီစျေးကွက်ကို ထိန်းချုပ်ဖို့ တရုတ် နိုင်ငံက ကြက်သွန်အချို့ တင်သွင်းရောင်းချတာတွေ ရှိနေပါ တယ်။ ကြက်သွန် လက်ကျန်အများစုက တောင်သူတွေ လက်ထဲ မှာ ပဲရှိနေပြီး ဒီနှစ်ကတော့ တောင်သူတွေကိုယ်တိုင် ကြက်သွန် လှောင်တဲ့နှစ် ဖြစ်တယ်လို့ ဒေသဆိုင်ရာ ကြက်သွန်စျေးကွက်မှာ တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။

မိမိအိမ်အတွက်ဖြစ်စေ၊ စီးပွားရေးအတွက် ဖြစ်စေ အသုံးတည့်စေရန် ရည်ရွယ်၍ အဆိုပါ အချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။