ပိုက်ဆံအတုအစစ်ခွဲနည်း

ပိုက်ဆံအတုအစစ်အကြောင်းသိကောင်းစရာ

ကျတော်တို့ပိုက်ဆံအတုအစစ်ဘယ်လိုခွဲကြမလဲ။Bank Staffတော်တော်များများသိကြမယ်ထင်ပါတယ်။မသိသေးတဲ့ Bank Staff တွေလည်းအများကြီးပါ။(အတုအစစ်ခွဲတဲ့ စက်တွေကြောင့် နောက်ပိုင်းBank Staffတွေမသိကြတာလို့ထင်ပါတယ်)

လုပ်သက်အတွေ့အကြုံအပေါ်မှာမူတည်ပြီးပညာတစ်ခုအနေနဲ့သိလာကြတာပါ။ကျတော် Bank Staffလို့သုံးပါတယ်။Banker လို့မသုံးပါ။(ကြိုစကားပုလ္လင်ခံထားပါတယ်။)ထားပါ။

#အတုကိုမပြောခင်မှာအစစ်မှာဘာလက္ခဏာတွေရှိသလဲ?

1.water marks(ရေစာ)

2.emboss(ဖောင်းကြွပုံနှိပ်ထားသည်)

3.Geometric lathe work

(Geometricပညာနဲ့ပြုလုပ်ထား)

4.Micro printing(သေးငယ်တဲ့ပုံရိပ်တွေပုံနှိပ်ထား)

5.optically variable colour changing inks

(မျက်စိဖြင့်မမြင်နိုင်တဲ့ အရောင်ပြောင်းတဲ့မှင် ပါတယ်)

6.Holograms (သုံးဖက်မြင်ပုံရိပ်ရှိ)

7.Security threads(လုံခြုံရေးကြိုး ပါဝင်)

8.Magnetic ink(သံလိုက်ဓာတ်ပါတဲ့မှင် သုံးထား)

9.Serial Number(serial နံပါတ်တွေပါတယ်)

10.Anti copying mark

(ကူးယူလို့မရတဲ့အမှတ်အသားများပါဝင်)

11.copy evident paper(ထင်ရှားမြင်သာတဲ့ copy paperဖြစ်)

12.fluorescent dyes (အလင်းရောင်ထွက်နေတဲ့ဆေးတွေ ပါဝင်)

13.Registration of feature on both side

(မျက်နှာပြင်နှစ်ခုလုံးမှာ register လုပ်ထား)

14.Electronic devices

15.Thermochromatic ink

(အရောင်ပြောင်းနိုင်တဲ့မှင် ပါတယ်)

16.latentImage(သေချာကြည့်မှမြင်ရတဲ့ပုံတွေပါတယ်)

ဒီလက္ခဏာတွေနဲ့ပြည့်စုံရင်အစစ်လို့ပြောပါတယ်။

ဒါဆိုအတုကရော။(ပြောင်းပြန်ပေါ့)ဒါပေမဲ့ တစ်ချို့အချက်တွေကLED မီးတို့။Microscopeတို့နဲ့ကြည့်မှမြင်နိုင်တာပါ။သာမန် မျက်စိနဲ့မမြင်နိုင်တဲ့ အရာတွေပါ။ဒီတော့ဘယ်ဟာအတု ဘယ်ဟာအစစ် လွယ်လွယ်ကူကူမှတ်လို့မရနိုင်ပါဖူး။

#ဒီတော့အကြမ်းဖျင်းကျတော်တို့ဘယ်မှတ်ကြမလဲ?

#တစ်သောင်းတန်အတု

===============

တစ်သောင်းတန်အတုမှာ ဘာလက္ခဏာတွေရှိလဲ?

တစ်သောင်းတန်အတုတွေဟာနည်းပညာအရမ်းမြင့်လွန်းပါတယ်။စက္ကူကအစချွတ်စွပ်ခွဲမရအောင်တူပါတယ်။ဒီတော့အောက်ကအခြေခံအချက်တွေနဲ့ဘဲအကြမ်းဖျင်းခွဲကြည့်ပါ။

1.ငွေစက္ကူရဲ့ဘယ်ဖက်ထောင့်အလယ်မှာCBMစာလုံးမပါပါဖူး(အစစ်မှာပါပါတယ်)

2.CBMပါသည့်နေရာမှာချောနေပါတယ်။(အစစ်တွင်၄င်းနေရာမှာကြမ်းနေပါတယ်။လက်နဲ့ကိုင်ကြည့်ပါ။)

3.အတုတွင်လည်းရေစာပါပါတယ်။ထင်ရှားလွန်ပါတယ်။(အစစ်ကအဲ့လောက်မထင်ရှားပါ)

4.လုံခြုံရေးကြိုးပါတယ်။ ကြိုးပေါ်တွင်လည်းစာပါပါတယ်။ အလင်းရောင်မှာလှုပ်ရမ်းကြည်ရင် ခရမ်းတစ်ရောင်တည်းပါ။ (အစစ်တွင် ၄င်းလုံခြုံရေးကြိုးကိုလှုပ်ကြည့်ရင် အဝါနဲ့ ခရမ်းရောင်ပြေးနေပါတယ်)

5.၁၀၀၀၀ စာလုံးထဲနှင့် ဘေးအပြာနေရာရှိအကွက်လေးများဆေးသားမပြတ်သားပါ။(အစစ်တွင်ဆေးသားပြတ်သားပါတယ်)

6.မြို့ရိုးဆေးသားကဆေးပြန့်နေပါတယ်။(အစစ်မှာမပြန့်ပါဖူး)

#ငါးထောင်တန်အတု

============

ငါးထောင်တန်အတု မှာ ဘာလက္ခဏာတွေရှိလဲ

ငါးထောင်တန်မှာတော့ကြည့်တာနဲ့ကိုကွဲပြားပြားသိနိုင်ပါတယ်။အရောင်ကအစကွဲပြားပါတယ်။အတုက ပန်းရောင်ဖက်သမ်းပါတယ်။အကြမ်းဖျင်းခွဲကြည့်ဖို့ဆိုရင်တော့

1.အတုမှာစက္ကူထောင့်ဖြတ်ရာတွေပါ ပါတယ်။(အစစ်မှာမပါပါဖူး)

2.ငွေစက္ကူရဲ့ ဘယ်ဘက်ထောင့်အလယ်မှာ CBMရေစာမပါပါဖူး။(အစစ်မှာ ပါ ပါတယ်)

3.လုံခြုံရေးကြိုးပေါ်မှာ ငွေစက္ကူတန်ဖိုးမရိုက်ထားပါဖူး။ဒါမှမဟုတ် MYANMAR Spw စာမရိုက်ထားပါဖူး(အစစ်မှာပါပါတယ်)

4.ငွေစက္ကူရဲ့ ညာဖက်ထောင့်အလယ်မှာ ဆင်ပုံ ရေစာမပါ ပါဖူး(အစစ်မှာပါပါတယ်)

ဆင်ပုံရေစာသည် နောက်ပိုင်ထွက်သော ငွေစက္ကူအသစ်တွင် မျက်နှာချင်းဆိုင်လှည့်သည်။

#တစ်ထောင်တန် အတု ကတော့စက္ကူသားကအစကွဲပြားပါတယ်။(မရေးပြတော့ပါဖူး)

#အတုကိုင်ထားရင်ဘာတွေဖြစ်နိုင်လဲ

မည်သူမဆို ငွေစက္ကူုကို ဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကို ဖြစ်စေ လိမ်လည် အတုပြုလျင်ဖြစ်စေ သို့မဟုတ် အတုပြုမှန်း မိမိသိလျက် နှင့် ထိုသို့ လိမ်လည် အတုပြုလုပ်သည့် လုပ်ငန်းအဆင့်ဆင့်တွင် အဆင့်တစ်ခုခုကို ပါဝင်ပြုလုပ်ပါက ထိုသူအား ရာဇသတ်ကြီးပုဒ်မ ၄၈၉(က)အရ ထောင်ဒဏ် တစ်သက် တစ်ကျွန်းကိုဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်ကိုဖြစ်စေ တစ်မျိုးမျိုး ကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။

ထို့ပြင်ငွေစက္ကူုကို ဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ အတုမှန်းသိလျက် အစစ်အမှန်အဖြစ် အသုံးပြုပါက ရာဇသတ်ကြီးပုဒ်မ ၄၈၉ (ခ) အရ ထောင်ဒဏ်တစ်သက် တစ်ကျွန်းကိုဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးကို ဖြစ်စေ ချမှတ်အရေးယူနိုင်ပါတယ်။ငွေ ဒဏ်လည်းချမှတ်နိုင်ပါတယ်။ငွေစက္ကူများအား အတုပြုလုပ်ထားမှန်း သိလျက် သုံးစွဲရန်ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ် ၇ နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်အရေးယူနိုင် သည်ဟု ပြဋ္ဌာန်းထားပါတယ်။

အခု ကျတော်တင်ပေးထားတဲ့ ပုံတွေက ပိုက်ဆံ အစစ်ပုံတွေပါ။(အပေါ်က ပုဒ်မတွေကြောက်တဲ့အတွက် အစစ်ပုံသာ တင်ပေးခြင်း ဖြစ်ပါတယ်?)

ကျတော့ထက်ပိုမိုကာပြောပြနိုင်သောဘဏ်မောင်နှမညီအကိုများရှိမှာပါ။လိုအပ်ချက်များဖြည့်တင်းပေးပါ။?

အမှားများပါလျှင်အနူးညွှတ်တောင်းပန်လျှက်

Credit - သူရိန်(Bank Staff)

UAB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။