ကလေးက ကလေးကို ပြန်ခိုးသတဲ့
မိဘတွေသတိထားဖို့
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ၁၂နှစ်အရွယ် ပလပ်စတစ်ကောက်သူတစ်ဦးက ၂နှစ်အရွယ် ယောက်ျားလေး တစ်ဦးကို အိတ်ထဲထည့်နေတာတွေ့လို့ ရတနာဘုမ္မိအနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်စစ်နေကြောင်း သိရသည်။
ကလေးက မန္တလေးကျောက်ဝိုင်းနားက ခေါ်လာတာဖြစ်ကြောင်း စစ်ဆေးချက်အရ ထပ်မံသိရသည်။
ပလပ်စတစ်ကောက်သူတစ်ဦးက ၂နှစ်အရွယ် ယောက်ျားလေး တစ်ဦးကို အိတ်ထဲထည့်နေသတင်း နောက်ဆက်တွဲ........
ကလေးမိဘများထံ ကလေးကို ပြန်လည်အပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
"ကလေးခိုးလာသူကို ကလေးသူငယ်ရဲတပ်ဖွဲ့နဲ့ လူမှုဝန်ထမ်းဦးစီးဌာနက အရေးယူဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ ကလေးမိဘကိုလည်း နောက်တစ်ခါ ကလေးကို ဂရုမစိုက်ပစ်ထားလို့ ကလေးအခိုးခံရရင် ကလေးသူငယ်ဥပဒေအရ လှုမှုဝန်ထမ်းဌာနက အရေးယူခံရမည့် ခံဝန်ချက်လက်မှတ်ထိုးခိုင်းပြီး ကလေးပြန်ပေးလိုက်ပါတယ်" ဟု ရတနာဘုမ္မိအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းဦးက မန္တလေးသတင်းဂျာနယ်သို့ ပြောကြားသည်။
Credit - မန္တလေးသတင်းဂျာနယ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။