ရခိုင်ပြည်နယ်မှာ WY မူးယစ်ဆေးဝါး ပမာဏအများဆုံး ဖမ်းဆီးရမိတဲ့ဒေသတခုပြပါဆို လျှင် မောင်တောဒေသကို ပြရမှာ ဖြစ်ပြီး အဲ့ဒီ့ မူးယစ်ဆေးများကို မောင်တောဒေသကနေတဆင့် တဘက်နိုင်ငံကို ပို့ဆောင် ရောင်းချတယ်လို့ လည်းသိရပါတယ်။

ယခုဖမ်းမိတဲ့ မူးယစ်ဆေးဝါး တွေကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် လေးမိုင်နဲ့ ဇူလရွာအနီးက တောင်ကြောတစ်နေရာမှာ ဖမ်းမိတာဖြစ်ပြီး ကာလတန်ဖိုး အနေဖြင့် ကျပ်သိန်းပေါင်း တစ်သောင်းတစ်ထောင့်တစ်ရာကျော် ပြီး အရေအတွက် အနေနဲ့ ဆေးပြားပေါင်း ငါးသိန်းခွဲ ကျော် ကို သိမ်းဆည်းမိတာပါ။

အဲဒီနေရာကနေတဆင့် မူးယစ်ဆေးဝါးတွေကို သယ်ယူတာ၊ သိုဝှက်တာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေအရ ပိတ်ဆို့ရှာဖွေရာမှာတွေ့ရှိခဲ့တာလို့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဉာဏ်ဝင်းဦး ကပြောပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း မောင်တောမြို့၊ မြို့မရပ်ကွက်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ ကွမ်းယာ/ကုန်စုံဆိုင်ကနေ WY ဆေးပြား သုံးသိန်းနီးပါးကို ဖမ်းဆီးရမိခဲ့သလို အဲဒီနေ့မှာပဲ မြို့မအရှေ့ရပ်ကွက် ဂိုဒေါင်တစ်ခုကနေ WY ဆေးပြား ခြောက်သိန်း ရှစ်သောင်းကျော်ကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

Source – RFA Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။