ရေဦးမြို့နယ်ငြုတ္တုံကျေးရွာ၌ ဦးခေါင်းနှစ်လုံးပါ ကျွဲတစ်ကောင်မွေးဖွား
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ငြုတ္တုံကျေးရွာ တောင်သူဦးအောင်ခိုင်အိမ်၌ လယ်ယာလုပ်ငန်းလုပ်ကိုင်ရန်မွေးမြူထား သောကျွဲမကြီးတစ်ကောင်မှထူးထူးခြားခြားဦးခေါင်းနှစ်လုံးပါကျွဲပေါက်ကလေးတစ်ကောင်ကို နိုဝင်ဘာ၁၆ရက်နံနက်ရနာရီကထူးခြားစွာမွေးဖွားခဲ့ကြောင်းရေဦးမြို့ခံ သတင်းထောက် ကသတင်းပေးပို့သည်။
ခေါင်းနှစ်လုံးပါကျွဲပေါက်ကလေးသည် ခြေလက်အင်္ဂါပုံမှန်ပါပြီး ခေါင်းနှစ်လုံးဖြင့်မွေးဖွားစဉ်ကအသက်ရှင်ခဲ့သော်လည်း မွေးပြီး၁၅မိနစ်ခန့် အကြာတွင်သေဆုံးသွားခဲ့ကြောင်းသိရသည်။
Credit-Monywa Gazetta
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။