ဒီနေ့မှာပရိတ်သတ်ကြီးတို့ဆီ ချစ်စရာကောင်းတဲ့မော်ဒယ်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ငယ်ဂုဏ်လေးစွက်ဖက်ကာ လှသွေးကြွယ်နေတဲ့ ချစ်စရာမော်ဒယ်မလေးကတော့ ယွန်းသိင်္ဂီဟန် ဖြစ်ပါတယ်။ ယဉ်လှတဲ့မျက်နှာထားလေးနဲ့ အနာဂတ်လမ်းတွေ လင်းလက်နေတဲ့ ယဉ်လက်ကတော့ ပရိတ်သတ်တွေရဲ့အချစ်တော်လေး ဖြစ်လာမယ်လို့ထင်ပါတယ်။ 

သူမကတော့ Software Engineering @University of Technology (Yadanarpon Cyber city)မှာ ပညာသင်ယူနေတဲ့ကျောင်းသူလေးတစ်ဦးဖြစ်ပြီး မော်ဒယ်အလုပ်ကိုလည်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ We Love Yunn Theingi Han ဆိုတဲ့ Group လေးတစ်ခုရှိပြီး သူမကိုချစ်တဲ့ပရိတ်သတ်တွေနဲ့ ဖော်ဖော်ရွယ်ရွယ်ရှိလှပါတယ်။

ဖော်ရွယ်ပြီး အပြစ်ကင်းစင်တဲ့ သူမရဲ့မျက်နှာလေးဟာ တကယ်ချစ်စရာကောင်းလှပါတယ်။ ပကာသနမပါဘဲ သဘာဝကျကျနဲ့ သူမရဲ့ပုံရိပ်လေးတွေက အရမ်းပျော်ရွှင်နေတဲ့ ကလေးလေးတစ်ယောက်လို အေးချမ်းလှပါတယ်။ သူမကိုချစ်တဲ့ပရိတ်သတ်တွေအတွက် ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

photo - Yunn Theingi Han

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။