မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်လားရိူးမြို့ရဲ့ ဗုံးပေါက်မှုနှင့်ပတ်သက်ပြီး မြို့သူမြို့သားများစွာ ထိပ်လန့်မှုတွေရှိနေသေးကြောင်း သိရပါတယ်။ ယင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများစွာကိုလည်း ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်သူအများ ဘေးကင်းလုံခြုံစေရေး၊ ရာဇဝတ်မှုခင်းများ လျော့နည်းပပျောက် စေရေးရည်ရွယ်ကာ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရှိဘဏ်များ လုံခြုံရေးချထားမှု ကြီးကြပ် စစ်ဆေးခြင်းနှင့်အတူ ဟောင်လိတ်လမ်းဆုံ၌ လုံခြုံရေးအရ ပိတ်ဆို့ရှာဖွေမှုများကို ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ 

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း၏ညွှန်ကြားမှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင် တို့က မြို့ပေါ်ရှိဘဏ်များ အနီးဝန်းကျင်ရှိ လုံခြုံရေးအရ တာဝန်ချထားသည့် ရဲတပ်ဖွဲ့ ဝင်များကို လိုက်လံကြီးကြပ်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ မြို့အဝင်ဖြစ်သည့် ဟောင်လိတ်လမ်းဆုံ၌ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဆေခမ်းပြည်သှူစစ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ကို လုံခြုံရေးအရ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ယင်းသို့ပြုလုပ်ရာတွင် လားရှိုးမြို့၌ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာချီလိတ်မြို့ရှိ ပြည်သူများ ဘေးကင်းလုံခြုံ မှုရှိစေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က လုံခြုံရေး ချစောင့်ဆိုင်းခြင်း၊ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဗုံကွဲမှုနှင့်ပတ်သက်ပြီး ပြည်သူများရဲ့ လုံခြုံစိတ်ချမှုရရှိအောင် ကြိုတင်ပြုလုပ်မှုများ လည်းပြုလုပ်နေကြောင်း သိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။