မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ဖြစ်စဉ်များစွာ ဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။ ယင်းဖြစ်စဉ်များထဲမှ မနေ့က ဖေဖော်ဝါရီ၂၂ရက် နံနက်၇နာရီခန့်က မြစ်ကြီးနား-မန္တလေး အမှတ် ၄၂ အစုန် ဒုတိယအမြန်ရထားပေါ်တွင် အမျိုးသားတစ်ဦးအား ပစ္စည်းများနှင့်တကွ ဖမ်းဆီးရမိကြောင်း သိရပါတယ်။ မြစ်ကြီးနား-မန္တလေး အမှတ် ၄၂ အစုန် ဒုတိယအမြန်ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦးအား မသင်္ကာ၍ စစ်ဆေးမေးမြန်းရာမှ ရွှေထည်ပစ္စည်းများ ခိုးယူလာမှု ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။

ယင်းဖြစ်စဉ်မှာ မြစ်ကြီးနားမှမန္တလေးသို့ ထွက်ခွာလာသော အမှတ် ၄၂ အစုန် ဒုတိယအမြန်ရထား အမှတ် ၃ ရိုးရိုးတန်းတွဲတွင် လိုက်ပါလာသည့် မီးရထားစီးခရီးသည် မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်နေ သန်းစိုးအောင်(၂၉)နှစ်အား နန်းမားဘူတာအထွက်တွင် မီးရထားရဲတပ်ဖွဲ့မှ မသင်္ကာ၍ ရှာဖွေစစ်ဆေးရာမှ ငွေကျပ် ၂၃ သိန်းခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်း(၉)မျိုးနှင့် ရွှေပေါင်ဘောက်ချာတစ်ရွက်၊ငွေစက္ကူ ၈ သောင်းကျပ်အား တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ယင်းပစ္စည်းများမှာ မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ခိုးယူလာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သန်းစိုးအောင်အား မိုးကောင်းမြို့မရဲစခန်းတွင် အရေးယူထားကြောင်း သိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။