ဖေဖော်ဝါရီလ ၂၃ရက်နေ့နံနက် ၂နာရီအချိန်တွင်အိမ်ရှေ့စံကနောင်မင်းသားကြီးရဲ့မြစ်တော် အသက်-၉၃နှစ် အရွှယ် ရန်အောင်မြင်ခေါင်ခေါင်လေး ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ရန်အောင်မြင်ခေါင်ခေါင်လေး ကတော့ ကံတော်ကုန် ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အိမ်ရှေ့စံကနောင်မင်းသားကြီးရဲ့ မြစ်တော်၊ ဒုတိယ ရန်အောင်မြင် ခေါင်ခေါင်ကြီးရဲ့ မြေးတော်အိမ်ရှေ့စံမင်းဆက်အနွယ်တော်သက်တော်အကြီးဆုံးအပူဇော်ခံမင်းသမီးကြီးတစ် ဦးပဲဖြစ်ပါတယ်။သူမကတော့ မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်၊ အမရဋ္ဌာနီအရှေ့ ရပ်ကွက်၊ အကွက်(၄၆)ရှိ ရန်အောင်မြင်စံအိမ်တော်တွင်ပဲ အသက်ဆုံးပါးသွားခဲ့တာ ဖြစ်တယ်လို့ မိသားစုများရဲ့ပြောကြားချက်အရ သိရပါတယ်။ 

ရန်အောင်မြင်ခေါင်ခေါင်လေးရဲ့ ဈာပနအခမ်းအနားကိုတော့ ဖေဖော်ဝါရီလ ၂၄ရက်နေ့ မွန်းလွဲ ၂နာရီက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ထိုဈာပနချရာတွင် မြန်မာမင်းမျိုးတို့ရဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အသုံးပြုတဲ့အရောင်အဖြူရောင် အထက်အောက်ဝတ်စုံများကို ဆွေတော်မျိုးတော်များကဝတ်ဆင်ကာ ပိတ်ဖြူ စန္တယများကြိုးဆွဲ၍ အလောင်းတော်ကို ချဆောင်ခဲ့တယ်လို့ သိရပါတယ်။ ၎င်းရဲ့ ကျန်ရစ်ခဲ့တဲ့ ရုပ်အလောင်းကို တော့ ရန်အောင်မြင်စံ အိမ်တော်မှ အေးရိပ်ငြိမ်သုဿန်သို့ ပို့ဆောင်ခဲ့ပြီးကောင်းစွာသင်္ဂြိုဟ်ပေး ခဲ့တာပဲဖြစ်ပါ တယ်။

အိမ်ရှေ့စံကနောင်မင်းသားကြီးရဲ့မြစ်တော် ရန်အောင်မြင်ခေါင်ခေါင်လေးရဲ့ ဈာပနအခမ်း အနားကတော့ ရှေးထုံးများအတိုင်း ကြီးကျယ်စွာကျင်းပပေးခဲ့တာ ဖြစ်ပြီးတကယ့်ကို သမိုင်းတွင်မယ့် ဈာပနအခမ်းအနားတစ်ခု ဖြစ်ပါတယ်။မန္တလေးမြို့သမိုင်း၌ ယခုကဲ့သို့ ရှေးထုံးစံအတိုင်း ဈာပနချဆောင်ခြင်းကို မင်းတုန်းမင်းကြီးရဲ့ သားတော် ပျဉ်းမနားမင်းသားကြီးနှင့် ကြင်ယာတော် ထရံကာထိပ်ခေါင်တင်တို့ နှစ်ဦးရဲ့ ဈာပနများကလည်း ကြီးကျယ်စွာကျင်းပ ချဆောင်ခဲ့ဖူးတာပဲဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - Ah Lin Nge (Madalay)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။