မြန်မာနိုင်ငံရဲ့ ကိုးကွယ်ရာတစ်ခုဖြစ်တဲ့ သံဃာတော်တွေကို ဗုဒ္ဓဘာသာဝင်တိုင်း ယုံကြည်ကိုးကွယ်ကြမယ်ထင်ပါတယ်။ ဒီ်ကနေ့ ဖေဖော်ဝါရီ လ (၂၆)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ-ထိုင်းချစ်ကြည်ရေးကို မြဝတီမြို့တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာအပါး ၃ဝဝဝ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီက မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါအခမ်းအနားကို သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိလူကြီးများစွာလာရောက်ခဲ့ပြီး လှူဖွယ်ဝတ္ထူများဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြကြောင်းသိရပါတယ်။ ဆက်လက်ပြီး ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဖရပ် ခရိုဝိဘူ(န်)နိတိထံ(မ်)ဆရာတော်က သာသနာရေးဆိုင်ရာများနှင့် ဝမ်းမြောက်ကြောင်း လျှောက်ထားခြင်း၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် က သာသနာရေးဆိုင်ရာများနှင့် ဝမ်းမြောက်ကြောင်း လျှောက်ထားခြင်း၊ တာ့ခ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး စူဝပ်ဖုန်း ကစ်တိဖပ်ဖိဖုန်းက ဝမ်းမြောက်ကြောင်း လျှောက်ထားခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။ ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ရန်ကုန်မြို့ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယက (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ)၊ (ဒွိပိဋကဓရ၊ ပါဠိပါရဂူ) ဘဒ္ဒန္တနာဂိတထံမှ တပည့် ဒါယကာ၊ ဒါယိကာမများက ရေစက်သွန်းချ အနုမောဒနာတရားနာကြားကြပြီး မြန်မာနှင့်ထိုင်း သံဃာအပါး ၃ဝဝဝ တို့အား မြန်မာ-ထိုင်း နှစ်နိုင်ငံပြည်သူများက ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပခြင်းဖြင့် နှစ်နိုင်ငံသံဃာများနှင့် ပြည်သူများချစ်ကြည်ရင်းနှီးမှုများ တိုးပွားခြင်း၊ နှစ်နိုင်ငံသာသနာရေး၊ ဘာသာရေး၊ လူမှုရေးဆိုင်ရာများတိုးတက် မှုမှသည် ခရီးသွားလာရေး၊ ကုန်သွယ်ရေးအထိပါ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။