ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီခွဲအချိန်၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး မတော်တဆမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ခရီးသည်တင်ယာဉ်ဟာ အရှိန်မထိန်းနိုင်ပဲ လမ်းဘေး ဓာတ်တိုင်နှင့် ဆိုင်းဘုတ်တို့ ဝင်ရောက်တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။၎င်းယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ် တွင်လိုက်ပါလာသူ ခရီးသည် ရှစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ ယာဉ်တိုက်မှုဖြစ်စဉ်အား သွားရောက် စစ်ဆေးခဲ့တဲ့ ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ 

အဆိုပါဖြစ်စဉ်မှာတော့ ပျဉ်းမနား-တောင်ညိုကားလမ်းအတိုင်း သပြေကုန်း အဝိုင်းဘက်မှ စည်ပင်ရိပ်သာ ဘက်သို့ မောင်းနှင်လာတဲ့ 8I/---ကြယ်တံခွန် ခရီးသည်တင်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ရှိ ဓာတ်တိုင်နှင့် ပျိုးဥယျာဉ်ဆိုင်းဘုတ်တို့အား ဝင်ရောက်တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာတဲ့ ဇေယျာသီရိမြို့နယ် ကံဦးရွာနေ အောင်ဌေး(၂၄ နှစ်)ပါရှစ်ဦးတို့တွင် ဒဏ်ရာများရရှိခဲ့တာပဲ ဖြစ်ပါတယ်။ဒဏ်ရာရရှိခဲ့တဲ့ ခရီးသည်များကိုတော့ နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ တာ ဖြစ်တယ်လို့ ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ 

ကြယ်တံခွန် ခရီးသည်တင်ယာဉ်ကို မောင်းနှင်လာသူ ယာဉ်မောင်းကတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အေးသာယာ မြို့သစ် ရပ်ကွက်ကြီး-၁ဝ နေ မောင်မောင်အေး (၃၄ နှစ်)ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။လက်ရှိ မှာတော့ အဆိုပါ ယာဉ်မောင်းမောင်မောင်အေးအား ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ဇမ္ဗူသီရိ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့အလင်း  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။