အနုပညာလောကရဲ့ တက်သစ်စမင်းသားတစ်လက်ဖြစ်သလို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်လက်လည်းဖြစ်ရသူကတော့ လင်းအောင်ခေတ် ဖြစ်ပါတယ်။ မော်ဒယ်လ်တစ်ဦးအဖြစ်လူသိများခဲ့ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ခပ်စိတ်စိတ်လုပ်နေတဲ့ လင်းအောင်ခေတ်ကတော့ "Bad Boy" ဇာတ်ကားမှာလည်း စီနီယာ မင်းသားတွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတယ်။

လင်းအောင်ခေတ်ဟာ လူငယ်ပီပီပွင့်ပွင့်လင်းလင်း နေတတ်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့အချစ်ရေးကို ကွယ်ဝှက်ထားတာမျိုး မရှိသူတစ်ဦးပါ။ လင်းအောင်ခေတ်တို့ စုံတွဲဟာ ပရိသတ်တွေကြားအားကျရတဲ့ စုံတွဲတစ်တွဲဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ဓာတ်ပုံလေးတွေကတော့ တကယ်ကို ချစ်စရာကောင်းပြီး အသက်ဝင်လှပါတယ်။ သူ့ကောင်မလေးရဲ့ instagram မှာတော့ စုံတွဲဓာတ်ပုံလေးတွေ တင်ထားတာတွေ့ရပြီး ဓာတ်ပုံလေးတွေအောက်မှာတော့ လင်းအောင်ခေတ်ရဲ့ comment လေးတွေကိုလည်း တွေ့ရတတ်ပါတယ်။

လက်ရှိမှာတော့ လင်းအောင်ခေတ်ဟာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေတာ တွေ့ရပြီး ချစ်ရတဲ့ ပရိသတ်တွေအတွက် ဆက်ပြီးကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။ Video အတိုလေးတွေလည်း မကြာခဏတင်လေ့ရှိပြီး သူ့ရဲ့ video file အတိုလေးတွေကတော့ လူမှုစာမျက်နှာထက်မှာ နာမည်ကြီးလို့နေပါတယ်။ ကဲ ပရိသတ်ကြီးအတွက် ချစ်စရာကောင်းပြီး လိုက်ဖက်တဲ့ လင်းအောင်ခေတ်တို့ စုံတွဲရဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်......

Source : Lin Aung Khit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။