ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် (၁၄) ရပ်ကွက် စီမံကိန်း (၂) သံသုမာလမ်းမနှင့် ရတနာလမ်းဆုံမီးပွိုင့် အနီး၌ရပ်ထားသော ဒိုင်နာကုန်တင် ယာဉ်၊ တိုယိုတာပရိုဘောက်ကိုယ်ပိုင် ယာဉ်နှင့် တိုယိုတာကိုယ်ပိုင်ယာဉ်တို့ ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ တောင်ဥက္ကလာပ မြို့နယ် ဂက်စ်ဆိုင်အမှတ်(ဝ၁၇) ဆိုင်သို့ ပို့လွှတ်သော သံသုမာလမ်းမမြေအောက် ၌ သွယ်တန်းထားသော ဂက်စ်ပိုက်လိုင်း ယိုစိမ့်သောအငွေ့နှင့် လမ်းဆုံအနီး ဓာတ်တိုင်သုံးတိုင်ပေါ်၌ သွယ်တန်း ထားသော လျှပ်စစ်ကြိုးများ ပွတ်တိုက်မှု မှထွက်ရှိသော မီးပွင့်နှင့်ထိတွေ့ကာ ယာဉ်များ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်ရာသို့ မီးသတ်ဦးစီးဌာန မှ တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ပူးပေါင်း ငြိှမ်းသတ်ကြရာ နံနက် ၈ နာရီ ၄၂ မိနစ် တွင် မီးငြိမ်းသွားကြောင်း သိရသည်။

အဆိုပါ ယာဉ်များ မီးလောင်မှုနှင့် ပတ်သက်၍ တောင်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းက စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တင်ကြည်-သင်္ဃန်းကျွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။