မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ဇွန် ၁၆ ရက် ည ၉ နာရီခန့်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုများကြောင့် ကျိုက်သလ္လံဘုရား အနောက်ဘက်မုခ်ဦးဘေးရှိ မြေသားများပြိုကျခြင်း၊ အရှေ့ဘက်ဘုရားစောင်းတန်းနှင့် နတ်နန်း အဆောက်အအုံများ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ် ။ ဒါတွေတင်မကသေးပါဘူး ဘုရားကြီးဟာ လုံးဝပျက်စီးလုနှီးပါးအခြေအနေတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျိုက်သလ္လံ စေတီတော်မြတ်ကြီး၏ အနောက် ဘက်စောင်းတန်း မြေသားနံရံ ထပ်မံပြိုကျမှု မရှိစေရေး အတွက် ယနေ့နေ့လယ်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မြေသယ်ခြင်း၊ သဲအိတ် ဖို့ခြင်းနှင့် လိုအပ်သည့်ကူညီဆောင်ရွက်မှုများပြုလုပ်ပေးခဲ့ကြောင်းသိရပါတယ်။ လက်ရှိအနေအထားမှာ ကျိုက်သလ္လံဘုရားကြီးဟာ ဘက်စုံပြုပြင်မွန်းမံဖို့ မူလအခြေအနေအတိုင်းပြန်လည်တည်ဆောက်နိုင်ဖို့ အကူအညီတွေလည်းလိုအပ်နေဆဲပါ ။

ရာသီဥတု ဒဏ် ၊ သဘာဝဘေးဒဏ်ဆိုတာ ဟာ အရာအားလုံးကို ဖျက်စီးနိုင်ကြောင်း မွန်ပြည်နယ်ရေဘေးက သင်ခန်းစာတွေအများကြီးပေးခဲ့သလားလို့တောင်ထင်ရပါတယ်။ ပရိသတ်ကြီးလည်း အခါအခွင့်သင့်ရင် ကျိုက်သလ္လံတောင်ပေါ်ဘုရားသို့သွားရောက်ပြီးလုပ်အားဒါနယူနိုင်ပါကြောင်း ။

Source - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။