ရန်ကုန်ရှိ တရုတ် အထည်ချုပ် စက်ရုံ အား အလုပ်သမားများကိူယ်တိုင် ဝင်ရောက် စီးနင်းမှု ဖြစ်သွား

ဆန္ဒပြ အလုပ်သမား ရာပေါင်းများစွာက တရုတ် ကုမ္ပဏီပိုင် အထည်ချုပ် စက်ရုံအား ဝင်ရောက် စီးနင်းပြီး တရုတ် ဝန်ထမ်း ၇ ဦးကို ထိမ်းသိမ်းကာ ၎င်းတို့ပိုင် ပစ္စည်းများ သိမ်းယူခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ အတိုက်ခိုက် ခံရသော စက်ရုံသည် Hangzhou Hundred- Tex Garment (Myanmar) ဖြစ်ပြီး အလုပ်သမား ၅၀၀ ခန့်အား ငှားရမ်း လုပ်ကိုင်လျက် ရှိနေပါတယ်။ တရုတ် မန်နေဂျာ ဆယ်ဦး ခန့်လည်း ရှိပါတယ်။

တရုတ် မန်နေဂျာတဦးရဲ့ အဆိုအရ အလုပ်သမား သုံးရာခန့်က ကြာသပတေးနေ့ နံနက်က စက်ရုံထဲ ပြေးဝင်လာကြပြီး ပြတင်းပေါက်များ၊ တံခါးများ နဲ့ စက်ပစ္စည်းများကို ရိုက်ချိုး ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

အလုပ်သမားတဦးအား အလုပ်ဖြုတ်ခဲ့ခြင်းကို အကြောင်းပြုပြီး အခုလို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းတွင် ဖမ်းဆီးခံထားရသူများအား တရုတ်သံရုံး နှင့် ရဲအဖွဲ့ ပူးပေါင်းပြီး ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။ လူ ၅ ဦးကို ဖမ်းဆီးခဲ့သော်လည်း ထိခိုက် ဒဏ်ရာရမှု တစုံတရာ မရှိပဲ ပြီးဆုံးသွားပေမယ့် စက်ရုံဝင်းကို ဆန္ဒပြ အလုပ်သမားများက ဆက်လက် ထိမ်းချုပ်ထားဆဲ ဖြစ်ပါတယ်။

ရန်ကုန်ရှိ တရုတ် သံရုံးက နိူင်ငံခြားရေး၊ ပြည်ထဲရေး ဝန်ကြီးဌာနများနဲ့ ရန်ကုန်တိုင်း အစိုးရကို ကန့်ကွက် စာများ ပေးပို့ခဲ့ပြီး အပြစ်ကျူးလွန်သူများကို အမြန်ဆုံး နဲ့ ထိထိရောက်ရောက် အရေးယူပေးရန် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာ အာဏာပိုင်များကတော့ တရုတ် စီးပွားရေး လုပ်ငန်းရှင်များရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ဥပဒေနဲ့ အညီ ကာကွယ်ပေးသွားမှာဖြစ်ပြီး ပြဿ နာကို အမြန်ဆုံး ဖြေရှင်းပေးပါမယ်လို့ပြောခဲ့ကြောင်း သိရပါတယ်။

အဆိုပါ သတင်းကို လေ့လာကြည့်ရာ ဘဝင်မကျစရာ တွေ့ရပါတယ်။ အခြားတော့ မဟုတ်ပေ။ ဝင်ရောက် ကယ်တင်သည့် နေရာတွင် ရဲအဖွဲ့မှ အဘယ်ကြောင့် တရုတ် သံရုံး မှ လူများကို ပါဝင်ခွင့် ပြုခဲ့သနည်း၊ ဒီနေရာမှာ ရဲအရေးပိုင် ကိစ္စ ဖြစ်တဲ့ အတွက် တရုတ် သံရုံး မကလို့ မည်သူပင် ဖြစ်စေ အနားကပ်ခွင့်တောင် မပြုသင့်ပါဘူး။ မတော်တဆ ထိခိုက် ဒဏ်ရာရရှိခဲ့ပါက မည်သို့ ရှင်းကြပေမည်နည်း။

နောက်တခုက အဆိုပါ အမှု အခင်းမျိုး မြန်မာနိူင်ငံတွင် ဖြစ်ပွားခဲလှပြီး အခုလို အကြမ်းဖက် ရလောက်အောင် မြန်မာ အလုပ်သမား များအား မည်မျှအထိ နာကျည်း ထိခိုက်စေအောင် အနိူင်ကျင့် ခဲ့လည်းဆိုတာ အာဏာပိုင်များ အနေနဲ့ နှစ်ဖက်မျှ စဉ်းစား ဖြေရှင်သင့်ကြောင်း တင်ပြလိုက်ရပါတယ်။

ကိုးကား ။ ။ The Straits Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။