ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေမှုတွေနဲ့ ဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာလည်း လူသေမှုအထိဖြစ်ပေါ်ခဲ့တဲ့ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဖြစ်စဉ်ကတော့ ဒီကနေ့ ဒီဇင်ဘာလ ၃ရက်နေ့ နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံအရှေ့တွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်နောက်လိုက်သူတစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်ကတော့ Express ယာဉ်တစ်စီးယာဉ်တိုက်မှုဖြစ်ပွားရာမှာ မော်တော်ယာဉ်၏ ယာဉ်နောက်လိုက်(စပါယ်ရာ) ဆိုသူအားကြိတ်မိခဲ့တာဖြစ်ကြောင်းသိရပါတယ်။  

ယာဉ်တိုက်မှုကြောင့် အဆိုပါ ယာဉ်နောက်လိုက်သူတစ်ဦးကတော့ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။ စိတ်မကောင်းစရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး လက်ရှိအဆိုပါယာဉ်တိုက်မှုဖြစ်ရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများရောက်ရှိနေပြီး အလောင်းအားသယ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။ စိတ်မကောင်းစရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့တဲ့ ဒီကနေ့ လူသေမှုအထိဖြစ်ပေါ်ခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်ပုံရိပ်အချို့နှင့်အတူ ချစ်ပရိသတ်တွေသတိပြုသွားလာနိုင်စေရန်အတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Naing Linn 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။