ပြည်တွင်းပြည်ပနိုင်ငံများစွာမှာ အရွယ်ကြီးသော မိဘဘိုးဘွားများစွာကို စွန့်ပစ်မှုသတင်းတွေကတော့ ပရိသတ်တွေကြားမှာ မကြာခဏဆိုသလိုကြားသိနေကြမှာပဲ ဖြစ်ပါတယ်။ အဆိုပါ စွန့်ပစ်ခံအဖိုးအဖွားများရဲ့ဖြစ်စဉ်တွေကတော့ ပြည်တွင်းနေရာအနှံ့အပြားမှာလည်း မကြာခဏတွေ့မြင်နေကြမှာပဲဖြစ်ပါတယ်။ ဒီဇင်ဘာလ ၄ရက်နေ့ မနေ့ညမှာလည်း အသက် ၇၀ ခန့်အဘိုးအိုတစ်ဦးရဲ့ စွန့်ပစ်ခံရမှုဖြစ်စဉ်ကတော့ ရင်ထဲမကောင်းလောက်အောင် ကြားသိခဲ့ရတာ တွေ့ရပါတယ်။  

အဆိုပါ စွန့်ပစ်ခံအဘိုးအိုကိုတော့ မနေ့ည ၈နာရီ ၃၀ မိနစ်ခန့်တွင် မော်လမြိုင်မြို့ဘူတာကြီးမှာတွေ့ရှိခဲ့တာဖြစ်ပြီး မြိုင်သာယာ (၁၀) လမ်းနေအိမ်တွင် သမီးနှင့်သမတ်ဖြစ်သူတို့ရဲ့ အိမ်မှာနေထိုင်ခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဘိုးအိုကတော့ " သမက်ဖြစ်သူမှသူ့အားအလိုမရှိကြောင်း ထိုးလဲထိုးတယ် ရိုက်လဲရိုက်တယ်ဟုသနားစရာပြောပြခဲ့ပါတယ်။ သမက်နာမည်မှာ ကိုကိုလတ်(ခ)ခွေးစာခွက် ဟုသိရပြီး ဆိုင်ကယ် ကယ်ရီမောင်း သမီးဖြစ်သူမှာ မြိုင်သာဈေးတွင် မုန့်တီ(ခ)မုန့်ဟင်ခါးရောင်းသည်ဟုသိရပြီး သမက်ထိုးရိုက်လို့နေအိမ်ခြံတခါးအားကျော်ပြီးထွက်လာကာ ဘူတာ ကြီးတွင်လာရောက်နေနေကြောင်း " သိရပါတယ်။ 

လက်ရှိ မြိုင်သာယာအုပ်ချူပ်ရေးမှုးနှင့်တွေ့ဆုံပြီးအဖိုးအားပြန်လည်အပ်နှံရာ သမက်ဖြစ်သူမှာအလိုမရှိသလိုပြန်မလာစေချင်တဲ့သဘောဖြစ်နေသဖြင့် မြိုင်သာယာစခန်းမှ တာဝန်းမှုးအားအကြိုးအကြောင်းပြောပြကာအဖိုးအားနေအိမ်သို့အရောက်ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး သမီးဖြစ်သူကိုလဲသမက်ဖြစ်သူမှအဖိုးအားကြိမ်းမောင်းရိုက်ရန်ပြုလုပ်လာပါက ရဲစခန်းသို့ဆက်သွယ်ဖို့မှာကြားခဲ့ကြောင်း သိရပါတယ်။ မနေ့ညကတွေ့ရှိခဲ့ရတဲ့ သနားစရာအဘိုးအိုရဲ့ ဗီဒီယိုဖိုင်နှင့်အတူ ချစ်ပရိသတ်တွေလည်း မိဘဘိုးဘွားများကို သနားချစ်ခင်ကြဖို့တောင်းဆိုရင်း မျှဝေပေးလိုက်ပါတယ်။

VIDEO - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။