ကမ္ဘာ့နိုင်ငံအသီးသီးကလေးစားအားကျနေရတဲ့ မြန်မာ့ကိုယ်စားပြု One Championship (MMA) ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့အောင်မြင်မှုကို အားလုံးလည်း လေးစားကြမယ်ထင်ပါတယ်။ ပွဲကောင်းများစွာကို ထိုးသတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားများစွာရဲ့ လေးစားမှုကို ရရှိထားတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိအောင်လအန်ဆန်းကတော့ ဂျပန်နိုင်ငံကိုရောက်ရှိနေပြီဖြစ်ပြီး မကြာမီယှဉ်ပြိုင်မည့်ပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ကြောင်းသိရပါတယ်။      

ဒုတိယအကြိမ်ပြန်လည်တွေ့ဆုံရမယ့်ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါပွဲကတော့ သူ့အတွက်စိတ်လှုပ်ရှားစရာပွဲတစ်ပွဲဖြစ်နေပြီး ဂျပန်နိုင်ငံမှာသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ပထမဆုံးအတွေ့အကြုံတစ်ခုဖြစ်ကြောင်းကိုလည်း ပြောပြထားတာပဲဖြစ်ပါတယ်။ လက်ရှိ အောင်လအန်ဆန်းကတော့ ပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ကမ္ဘာ့အဆင့်မီဖိုက်တာကြီးတွေကို ခေါ်ယူလေ့ကျင့်လျှက်ရှိကြောင်းသိရပါတယ်။ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေကို အချိန်တိုင်း နေရာတိုင်းမှာပြုလုပ်လျှက်ရှိပြီး အကောင်းဆုံးပွဲတစ်ပွဲဖြစ်ဖို့ ကြိုးစားလျှက်ရှိကြောင်း သိရပါတယ်။ 

မကြာသေးမီကလည်း One Championship က အောင်လအန်ဆန်းရဲ့ လေ့ကျင့်မှုဗီဒီယိုဖိုင်တစ်ခုကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးထဲမှာ အောင်လကတော့ လမ်းမပေါ် မှာလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်လေးဖြစ်ပြီး နီးအပ်လာတဲ့ ပြိုင်ပွဲအတွက် အချိန်နာရီ နေရာမရွေးလေ့ကျင့်နေကြောင်း ရေးသားပြထားတာတွေ့ရပါတယ်။ ချန်ပီယံခါးပတ်ကို ဆက်လက်ထိန်းသိမ်းရင်း မြန်မာ့ဂုဏ်ဆောင်မယ့် အောင်လအန်ဆန်းရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Video - One championship

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။