ခြေစမ်းပွဲတွေကစားနေတဲ့ ရီးရဲအသင်းအတွက် ထိုးနှပ်ချက်တစ်ခုဟာ International Champions Cupပွအဖြစ် အာဆယ်နယ်အသင်းနဲ့ ပွဲမှာပေါ်ထွက်လာခဲ့ပါတယ်။ ရီးရဲအသင်းရဲ့ လူစရင်းမှာ နေရာတစ်နေရာရရှိထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်လူ အဆန်စီယိုဟာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိသွားတာပဲ ဖြစ်ပြီး ရီးရဲအသင်းရဲ့ ဒီရာသီပွဲစဉ်တွေအားလုံးကိုလွဲချော်တော့မှာဖြစ်ပါတယ်။

အဆန်စီယိုဟာ ဘယ်ဘက်ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး နည်းပြဇီဒန်းနဲ့ ပရိသတ်တွေကတော့ သူရဲ့ဒူးဒဏ်ရာပြသနာနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုရှိခဲ့ပါတယ်။အဆန်စီယိုရဲ့ ဒဏ်ရာသတင်းဟာ နည်းပြဇီဒန်းအတွက် ခေါင်းကိုက်မယ့် ကိစ္စတစ်ခုဖြစ်ပြီး ကွင်းလယ်လူ အဆန်စီယိုဟာ စပိန်ရဲ့ အကောင်းဆုံးလူငယ်ကစာသမားဖြစ်တာကြောင့် အစားထိုးရန်ခက်ခဲနေပါတယ်။

ယနေ့မှာတော့ ချိုင်းထောက်နဲ့တောင် လမ်းလျှောက်ရတဲ့အထိ ဒဏ်ရာဆိုးရွားနေတဲ့ အဆန်စီယိုရဲ့ ဗီဒီယိုဟာ ဘောလုံးပရိသတ်တွေကို စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ကစားသမားအများစုဟာ ကာလရှည်ဒဏ်ရာရရှိပြီး ပြန်ကောင်းလာရင် ခြေစွမ်းကောင်းပြသဖို့ အချိန်ယူရတာကြောင့် အဆန်စီယိုရဲ့ ဒဏ်ရာသတင်းအတွက် ဘောလုံးဝါသနာရှင်တွေစိတ်မကောင်းဖြစ်နေကြပါတယ်။

source: 433

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။