ပြည်သူ့ချစ် အနုပညာရှင် ဇေယျ ကတော့ ဆယ်စုနှစ်တစ်စုအကြာလောက်ထဲက အနပညာလောကထဲကို စတင် ဝင်ရောက်လာသူ တစ်ယောက်ပဲဖြစ်ပါတယ်။ ဇေယျ ကတော့ ပရိသတ် တွေရဲ့ အချစ်တွေ ကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်သလို ယခုအခါ မှာဆိုရင်လည်း နယ်ရှိုးပွဲ တွေမှာဖျော်ဖြေနေတာကိုတွေ့ရပါတယ်။



Photo Credit - Zay Ya - Facebook
Photo Credit - Zay Ya's Facebook

ဇေယျ ဟာ လတ်တလော မှာတော့ အနုပညာ အလုပ်တွေကိုဆက်တိုက် လုပ်ဆောင်ပြီး လွန်ခဲ့သော သုံးနှစ်ကျော်လောက်က မေမြို့ မှာ သွားရောက်ရိုက်ကူးထားတဲ့ ဆန္ဒထုတ်ဖော်မယ် ဇာတ်ကားလေးထဲမှာ ပရိသတ်တွေ မြင်တွေ့နေကျ ပုံစံလေးနဲ့ ကွဲထွက်နေတဲ့ မိန်းမလျာ ဇာတ်ရုပ်လေးကို ကြိုးစားသရုပ်ဆောင်ထားတဲ့ အကြောင်း ပြောပြလာပါတယ်..။

ဇေယျပြောပြလာတာ ကတော့ “ကျွန်တော်ကတော့ တစ်ကားလုံး အဝတ်အစား အစ ၊မိတ်ကပ် အကုန်ကြိုးစား ထားပါတယ် ရိုက်ထားတာကတော့ သုံးနှစ်ကျော်ပါပြီ၊ ဇာတ်ကားရိုက်တဲ့ အချိန်မှာဆိုရင် ရှိုးပွဲ တွေနဲ့လည်းတိုက်နေခဲ့ပြီး လုပ်နေကျမဟုတ်တဲ့ မိန်းမလျာ ဇာတ်ရုပ် မဟုတ်တာကြောင့် ကြိုးစားပြီး ရိုက်ကူးထား ပါတယ်။” ဆိုတာပဲ ဖြစ်ပါတယ်၊

Photo By Myanmarload
Photo By Myanmarload

ဇေယျကတော့ ဒီအကြောင်းအရာတွေကို Interview တစ်ခုမှာ ဖြေကြားခဲ့တာဖြစ်ပြီး ၎င်း Interview တွေထဲ မှာလည်း သူရဲ့အနုပညာ အကြောင်းအရာ လေးတွေကိုပြောပြထားပါသေးတယ်။

ပရိသတ် တွေ ကိုယ်တိုင်ကြည့်ရှုခံစားဖို့အတွက် ဇေယျ ကိုယ်တိုင်ဖြေကြားထားတဲ့ Interview ဗီဒီယိုဖိုင်လေးကိုပါ တပါတည်းဖော်ပြပေးလိုက်ပါတယ်။

Photo By Myanmarload

Photo Credit - Zay Ya's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။