ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး စမိုင်းလ်ကတော့ တစ်ခေတ်တစ်ချိန်ကတည်းက နာမည်ရအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာ သမီးလေးနှစ်ယောက်နဲ့ သာယာအေးချမ်းတဲ့မိသားစုဘဝလေးကို ရရှိထားတဲ့ စမိုင်းလ်ကိုတော့ ပရိသတ်တွေကပါ အားကျနေရတာ ဖြစ်ပါတယ်။ စမိုင်းလ်က အလှူအတန်းရက်ရောသူလေးဖြစ်တဲ့အပြင် မာန်မာနကင်းစင်ပြီး စိတ်ထားကောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo & Video Credit-စမိုင်းလ် Smile's FB Page
Photo & Video Credit-စမိုင်းလ် Smile's FB Page
Photo & Video Credit-စမိုင်းလ် Smile's FB Page

ယခုလက်ရှိမှာတော့ စမိုင်းလ်က နယ်သာလန်နိုင်ငံအထိသွားရောက်ပြီး အမေစုကိုအားပေးဝန်းရံနေတာ ဖြစ်ပါတယ်။ စမိုင်းလ်တို့ဇနီးမောင်နှံက မြန်မာနိုင်ငံရဲ့ကိုယ်စား အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားရင်ဆိုင်ဖြေရှင်းပေးနေတဲ့ အမေစုအတွက် တစ်ထောင့်တစ်နေရာကနေ ထောက်ခံပေးနေတာဖြစ်ပါတယ်။ ယနေ့ဒီဇင်ဘာလ (၁၁) ရက်နေ့ကတော့ တရားရင်ဆိုင်ဖြေရှင်းတာ ဒုတိယမြောက်နေ့ပဲ ဖြစ်ပါတယ်။

Photo & Video Credit-စမိုင်းလ် Smile's FB Page
Photo & Video Credit-စမိုင်းလ် Smile's FB Page
Photo & Video Credit-စမိုင်းလ် Smile's FB Page

စမိုင်းလ်ကတော့ မြန်မာပြည်ကနေရောက်အောင်သွားပြီး တိုင်းပြည်အတွက် တည်တည်ငြိမ်ငြိမ်နဲ့အားပေးဝန်းရံနေကြောင်းကိုလည်း Facebook မှာ Live လွှင့်ပေးခဲ့ပါတယ်။ စမိုင်းလ်တို့ဇနီးမောင်နှံနဲ့အတူ လူအချို့ကလည်း ICJ တရားရုံးရှေ့မှာ အမေစုပုံပါတဲ့ အလံ၊ပိုစတာ၊ ဓာတ်ပုံလေးတွေကိုယ်စီကိုင်ပြီး အားပေးဝန်းရံနေကြတာပဲ ဖြစ်ပါတယ်။ ICJ တရားရုံးအရှေ့ထိသွားပြီး အမေစုကိုအားပေးနေတဲ့စမိုင်းလ်ရဲ့ဗီဒီယိုလေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-စမိုင်းလ် Smile's FB Page

Photo & Video Credit-စမိုင်းလ် Smile's FB Page
Photo & Video Credit-စမိုင်းလ် Smile's FB Page
Photo & Video Credit-စမိုင်းလ် Smile's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။