ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ MRTV-4 မင်းသမီးချောလေးတွေထဲမှာ သရုပ်ဆောင်ကောင်းတဲ့အပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်အချစ်ပိုနေရသူလေးကတော့ မင်းသမီးချောလေး နေခြည်ရွှန်းလက်ပဲ ဖြစ်ပါတယ်..။

ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးထားပြီး ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်လွန်းသလို ရှည်လျားနက်မှောင်နဲ့ ဆံနွယ်ရှည်လေးတွေနဲ့ အေးချမ်းတဲ့အလှတရားတွေအပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေတာပါနော်..။


Photo By Myanmarload
Photo By Myanmarload

နေခြည်ရွှန်းလက်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ကာ အခမ်းအနားပွဲတွေလည်း တက်ရောက်ဖြစ်နေပြီး အခုတစ်ခါမှာလည်း “ရွှေပြည်နန်း” က ပြုလုပ်ကျင်းပတဲ့ အခမ်းအနားပွဲလေးကိုလည်း အေးချမ်းကျော့ရှင်းတဲ့အလှတရားတွေနဲ့ တက်ရောက်ခဲ့ပြန်ပါတယ်..။

ရဲရင့်ထက်မြတ်ပြီး ရင့်ကျက်တည်ငြိမ်တဲ့ အနီရောင်မြန်မာဝတ်စုံဖက်ရှင်လေးနဲ့ ကျော့ရှင်းစွာ လှသွေးကြွယ်နေတဲ့ နေခြည်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း အချစ်ပိုနေကြမှာပါနော်..။


Photo By Myanmarload
Photo By Myanmarload
Photo Credit – Nay Chi Shoon Lak’s Facebook Account

အခုလို အခမ်းအနားပွဲတက်ပုံရိပ်လေးတွေကိုလည်း နေခြည်လေးက သူမရဲ့ချစ်ပရိသတ်တွေအတွက်လည်း သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း အလွမ်းပြေလေး မျှဝေထားပါသေးတယ်..။

အနီရောင်ဖက်ရှင်လေးနဲ့ လည်ပြန်ငေးရလောက်အောင် ကျော့ရှင်းစွာ လှနေတဲ့ နေခြည်ရွှန်းလက်ရဲ့  ချစ်စရာပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်တာမို့ ချစ်ရတဲ့ ပရိသတ်တွေကလည်း သဘောကျနေကြတယ် မဟုတ်လား..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

Photo Credit – Nay Chi Shoon Lak’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။