AFC/MFF "B" Coaching Certificate Course (Part-2) သင်တန်း ဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်၂ နာရီ က မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါတယ် ။ထိုအခမ်းအနားသို့ MFF ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်၊ အထွေ ထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးတင်မြင့်အောင်၊ အာရှ ဘောလုံးအဖွဲ့ချုပ်မှ သင်တန်း နည်းပြဆရာ Mr. Eric Abramsနှင့် တာဝန်ရှိသူများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါတယ် ။

photo credit : MFF ' s facebook page
photo credit : MFF ' s facebook page

အခမ်းအနားတွင် MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းဆင်းအဖွင့် အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြ Mr. Eric Abrams နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ Sports Science ဖြစ်သူ Mr. Jens Eiberger တို့က သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောကြားခဲ့ပါတယ် ။

photo credit : MFF ' s facebook page
photo credit : MFF ' s facebook page

သင်တန်းသား၊ သင်တန်းသူများက သင်တန်းနည်းပြများကို အမှတ်တရ လက်ဆောင်ပေးအပ်ခြင်း၊ သင်တန်းသား၊ သင်တန်းသူများကို တစ်ဦးခြင်း သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ် ။AFC/MFF "B" Coaching Certificate Course (Part-2) သင်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၅ ရက်အထိ ၉ ရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၂၃ဦးနှင့် သင်တန်းသူ ၃ ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။

source: MFF ' s facebook page 

photo credit : MFF ' s facebook page
photo credit : MFF ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။