ပရိသတ်တွေရဲ့ အချစ်တော် မော်ဒယ်လ်မလေး ဖြစ်တဲ့ Mဆိုင်းလု ကတော့ မြန်မာနိုင်ငံအနုပညာလောကရဲ့ ထိပ်တန်းမော်ဒယ်လ်မလေးတစ်ယောက်ဖြစ်သလို သီချင်း၊ MTV နဲ့ ကြော်ငြာတွေမှာ မကြာခဏ တွေကမြင်နေရတဲ့ သရုပ်ဆောင်နဲ့ မော်ဒယ်လ်၊မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။

Mဆိုင်းလုက မနောမြေက နေ ပေါက်ဖွားလာတဲ့ ဂျိန်းဖောသူ ခေါ် ကချင်တိုင်းရင်းသူလေးဖြစ်ပြီး တိုင်းရင်းသူ ဖြစ်တဲ့ အလျောက် လှပတဲ့ အသားအရေနဲ့ မျက်နှာ​လေးကို ပိုင်ဆိုင်ထားသူပါ။

Photo credit - M SENG LU'S FB ACCOUNT

Mဆိုင်းလုက ပိန်ပိန်းပါးပါး ကိုယ်ခန္ဓာအချိုးအစားလေးနဲ့အတူ ကျန်းမာရေးလိုက်စားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး ခရီးသွားခြင်းကို အထူးဝါသနာပါသူလေးလည်းဖြစ်ပါတယ်။

သူမက အခုလက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲနားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်။ Mဆိုင်းလုက အိမ်မှာနေရင်း အပျော်Tiktokရိုက်ထားတဲ့ video လေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေ အမြဲလိုလိုမျှဝေပေးလေ့ရှိတာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ 

Photo credit - M SENG LU'S FB ACCOUNT

အခုလက်ရှိမှာလည်း Mဆိုင်းလုက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့မမေ့လိုက်ပါနဲ့အုန်းနော် ။ သူမရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော် ။ 

Photo credit - M SENG LU'S FB ACCOUNT
Photo credit - M SENG LU'S FB ACCOUNT

Source & Photo credit - M SENG LU'S FB ACCOUNT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။