ပရိသတ်ကြီးရေ တချိန်တခါက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် မင်းသားချော ရဝေအောင်ကိုတော့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော်. ။ ရဝေအောင်က ဗီဒီယို ဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ပြီး တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ရင်ထဲ ဝင်ရောက်လာနိုင်ခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်......။ 

Photo credit - Yawai Aung's facebook account
Photo credit - Yawai Aung's facebook account

ရဝေအောင်က ယောကျာ်းပီသတဲ့ ကိုယ်ခန္ဓာနဲ့ ခန့်ညားချောမောတဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ မင်းသားချောပဲ ဖြစ်ပါတယ်။ ရဝေအောင်က လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေကို သိပ့်မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် သူရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ လှုပ်ရှားမှု ပုံရိပ်တိုင်းကို တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ်......။

Photo credit - Yawai Aung's facebook account
Photo credit - Yawai Aung's facebook account

ယနေ့မှာတော့ ရဝေအောင်က သူ့ရဲ့ အနုပညာမောင်နှမဖြစ်တဲ့ အေးမြတ်သူရဲ့ (၃၄)နှစ်ပြည့် မွေးနေ့လေးမှာ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလါတာပဲ ဖြစ်ပါတယ်။ " Happy Birthday ညီမရေ ဒီထက်မက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုရရှိပြီး အနုပညာအလုပ်တွေအများကြီးလုပ်ရပါစေ ဆန္ဒနဲ့ဘဝထပ်တူကျပျော်ရွှင်ပါစေ" ဆိုတဲ့ မွေးနေ့ဆုတောင်း စာသားလေးနဲ့အတူ အနုပညာလှုပ်ရှားမှု အတူတူလုပ်ခဲ့စဥ်က ရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတွေကို တင်ပေးလါတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....... ။ 

Photo credit - Yawai Aung's facebook account
Photo credit - Yawai Aung's facebook account

Source & Photo credit - Yawai Aung's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။