ပရိသတ်ကြီးရေ ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေကို ပိုင်ဆိုင်ထားပြီး ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေတဲ့ သူကတော့ မင်းသမီးချောလေး သွန်းဆက် ပဲဖြစ်ပါတယ်နော်...။ သွန်းဆက်က ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်နေပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အချိန်တိုလေးအတွင်း ပရိသတ်ရင်ထဲကို ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေတာ ကိုလည်းတွေ့ရပါတယ်။

Photo Credit - Thun Sett
Photo Credit - Thun Sett

ပုရိသတွေ ရင်ဖိုသွားစေလောက်တဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းအလှတွေနဲ့ ညှို့အားပြင်းလွန်းတဲ့ အကြည့်တွေကို ပိုင်ဆိုင်ထားတဲ့ သွန်းဆက်က ပရိသတ်ချစ်မေတ္တာကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်။ ဒါ့အပြင် သွန်းဆက်က မကြာခဏဆိုသလို ရယ်မောပျော်ရွှင်စရာကောင်းတဲ့ tiktokဗီဒီယိုလေးကို ချပြလေ့ရှိပါတယ်။ ယခုတစ်ခါတော့ သွန်းဆက် က မြင်သူတိုင်း ချစ်အားပိုစေမယ့် ပုံရိပ်လေးတွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။

Photo Credit - Thun Sett
Photo Credit - Thun Sett

ဒီပုံလေးတွေ ထဲမှာတော့ သွန်းဆက် က ရိုးရှင်းပြီး အမြင်အေးစေတဲ့ မြန်မာဆန်ဆန် ဖက်ရှင်ဝတ်စုံလေးကို ဝတ်ကာ ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း သွန်းဆက်က " ဒီ ကမ္ဘာမှာ မမများသာ အချစ်တတ်ဆုံးသောသူ " ဆိုပြီး မောင်လေးတွေ ချစ်အားပိုအောင်လည်း ရေးသားထားပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ရိုးရိုးယဉ်ယဉ် ကျက်သရေရှိတဲ့ အချစ်တော်လေး သွန်းဆက် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Thun Sett

Photo Credit - Thun Sett

Source - Thun Sett's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။