Photo credit - OGA Dota PIT twitter

မနက်ဖြန် ဇူလိုင်လ 27 ရက်နေ့ဆိုရင်တော့ OGA Dota PIT S2: Europe CIS ပွဲစဉ်တွေဟာ စတင်ယှဉ်ပြိုင်တော့မှာပဲဖြစ်ပါတယ်။

ဒီ tournaments မှာတော့ direct invite ရရှိထားတဲ့ dota 2 team စုစုပေါင်း 8 teams ဝင်ရောက်ယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။

direct invites ရရှိထားတဲ့ dota 2 teams တွေကတော့

OG

VP.Prodigy

Natus Nincere

Alliance

FlyToMoon

Ninjas in Pyjams

Vikin.gg

Team Nigma

တို့ပဲဖြစ်ပါတယ်။

လက်ရှိ season 2 မှာတော့ season 1 တုန်းက champion ဖြစ်ထားတဲ့ Team Secret က ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတော့ဘဲ players တွေကိုအနားပေးခဲ့ပါတယ်။

Two times Ti Champion OG ကလည်း အသင်းရဲ့ carry player Sumail ကိုအသင်းကနေထုတ်ပယ်ခဲ့ပြီး ကစားသမားဘဝကနေ အနားယူသွားတဲ့ Ceb ကိုပြန်ခေါ်ပြီး ပထမဆုံး ယှဉ်ပြိုင်တဲ့ tournament ဖြစ်တာကြောင့် ဘယ်လိုကစားကွက်တွေနဲ့ ကစားသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ။

ပေးအပ်သွားမယ့် total prize ကလည်း $170,000 USD ဖြစ်ပြီး champion ဖြစ်တဲ့အသင်းက $70,873 USD တောင်ရရှိမှာဆိုတော့ ဘယ်အသင်းက champion ဆုကိုရရှိမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်သွားရမှာပါပဲ။

Source - OGA Dota PIT twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။