မင်းသားချောလေး မောင်နဲ့ မင်းသမီး ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ယောက်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုနဲ့ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့တဲ့ သူတွေပဲဖြစ်ပါတယ်။ မောင် နဲ့ ရီရီပွင့်ဖြူ တို့ ချစ်သူနှစ်ယောက်ကလည်း သရုပ်ဆောင်ပိုင်းမှာ သဘာဝကျလွန်းနေပြီး အကောင်းဆုံးကြိုးစားခဲ့တာကိုတွေ့ရပါတယ်။ လက်ရှိမှာတော့ သူတို့ ချစ်သူနှစ်ယောက်က အနုပညာအလုပ်တွေကို အရင်ကလိုလုပ်ကိုင်တာ မတွေ့ရတော့မယ့် နေ့စဥ်လှုပ်ရှားမှုပုံရိပ်လေးတွေကို မျှဝေပေးတာတွေ့ရပါတယ်။

Photo Credit - SEIN PHYO & YI fb Page
Photo Credit - SEIN PHYO & YI fb Page

မောင် နဲ့ရီရီပွင့်ဖြူ တို့နှစ်ယောက်ဟာ ချစ်သူသက်တမ်း (၆)နှစ်ကျော်ရှိနေပြီး တစ်ယောက်ကိုတစ်ယောက်လည်း အရမ်းချစ်ကြတဲ့ သူ​တွေဖြစ်တာကြောင့် ပရိသတ်တွေက အားကျနေရတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ကတော့ လက်တလောမှာ အပန်းဖြေခရီးစဥ်အဖြစ် ကရင်ပြည်နယ်ကို သွားရောက်လည်ပတ်နေတာဖြစ်ပါတယ်။ ယခုမှာဆိုရင်တော့ မောင် နဲ့ ရီရီပွင့်ဖြူတို့နှစ်ယောက်ကတော့ ဘားအံမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ညစျေးကို သွားရောက်လည်ပတ်ခဲ့တဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - SEIN PHYO & YI fb Page
Photo Credit - SEIN PHYO & YI fb Page

ဒီဗီဒီယိုလေးထဲမှာတော့ ဘားအံညစျေးထဲမှာ လမ်းလျှောက်ပြီး စားချင်စရာကောင်းတဲ့ မု့န်မျိုးစုံတွေနဲ့ တောထမင်းကို ပျော်ပျော်ပါးပါး ဝယ်ယူစားသောက်ခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးနဲ့လည်း ချစ်သူနှစ်ယောက်က " ဘားအံ မှာ မဖြစ်မနေသွားစားသင့်တာကတော့ညစျေးက တောထမင်းပဲ..ငပိထောင်း စပ်စပ်လေးနဲ့ တို့စရာ အစိမ်းတွေရော အပြုတ်တွေရော ချဥ်ဖတ်တွေရော...ကြိုက်သလောက်စား ၂၀၀၀ ရယ်..ဘဲသားဟင်းလေးကတော့ အကောင်းဆုံးပဲ..အို့...ပြောရင်းပြန်စားချင်လာပြီ " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဘားအံညစျေးထဲကို ပျော်ပျော်ပါးပါး နဲ့ သွားရောက်လည်ပတ်ခဲ့တဲ့ မောင် နဲ့ ရီရီပွင့်ဖြူ တို့ ဗီဒီယိုလေးကို ကြည့်ရှု့လို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - SEIN PHYO & YI fb Page

Source - SEIN PHYO & YI fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။