အဆိုတော်ပိုပိုကတော့ ၂၀၂၁ ဖေဖော်ဝါရီလထဲက စတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးမှာပြည်သူတွေနဲ့အတူရပ်တည်ခဲ့ပြီး နေ့စဉ်တိုင်းလိုလိုလမ်းမပေါ်ထွက်ကာ အားတတ်သရောပါဝင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အစားအသောက်တွေလိုအပ်တဲ့ပစ္စည်းတွေကိုလည်း တတ်နိုင်သလောက်လှူဒါန်းခဲ့ပါသေးတယ်။အရေးကြီးတဲ့သတင်းတွေအချက်အလက်တွေဆိုရင်လည်း သူရဲ့အကောင့်လေးမှာ အချိန်နဲ့တစ်ပြေးညီဖော်ပြကာ အပြည့်အဝပါဝင်ရပ်တည်နေတာကြောင့် ပရိသတ်တွေကအချစ်ပိုလေးစားနေကြတာပါ။
ပြည်သူပြည်သားတွေအားလုံးကလည်း ဘယ်လိုဖြိုခွင်းမှုတွေလာနေပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေနဲ့ကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုရရှိစေရန် ရဲရင့်စွာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာပါ။အနုပညာရှင်တွေဆိုရင်လည်း ခြိမ်းခြောက်ခံရမှုတွေမျိုးစုံရှိနေပေမယ့်လည်း ရရာနေရာကနေ အစွမ်းကုန်ကြိုးပမ်းရင်းပြည်သူတွေကိုကူညီအားဖြည့်ကာ လူထုလှုပ်ရှားမှုကြီးမှာပါဝင်နေကြဆဲပါ။ဒီလိုအဘက်ဘက်က အားမလျော့တဲ့ယုံကြည်ချက်တွေကြောင့်လည်း ဒီလှုပ်ရှားမှုကြီးကအခုထိ အသက်ဝင်နေတာပါ။
ခုလည်းပိုပိုတစ်ယောက် အန္တရာယ်တွေအပစ်အခတ်တွေရှိနေပေမယ့် မကြောက်မရွံ့ဘဲ လမ်းမပေါ်ထွက်ကာ သူကိုယ်တိုင်ရှေ့ကဦးဆောင်ပြီး ရင်ထဲက ဆန္ဒတွေကိုသံပြိုင်ဟစ်ကြွေရင်းလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ပုံလေးတွေနဲ့အတူ "အဖမ်းခံထားရတဲ့ ကျောင်းသားတွေ ချက်ချင်းလွှတ် ချက်ချင်းလွှတ် အသက်ပေးခဲ့တဲ့ ပြည်သူတွေရဲ့ အသက် တွေ အလကားမဖြစ်စေရဘူးမလျော့သော ဇွဲ ခိုင်မာသော စိတ်ဓါတ်တွေနဲ့ Gen X Y Z တွေ ရဲ့ ကြိုးစားမှူ ကြောင့် ဒီပွဲမှာ ငါတို့ နိုင်ကိုနိုင်မှာ "ဆိုတဲ့စာလေးကိုလည်းဝေမျှထားရာ ပရိသတ်ကြီးကိုပြန်လည်ဖော်ပြပေးရင်း မြန်မာနိုင်ငံကြီးအမြန်အေးချမ်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။