ပြည်တွင်းမှ အများဆုံးတင်ပို့နေသည့် လယ်ယာထွက်ကုန် ဆန် နှင့် သကြားတင်ပို့မှုကို တရုတ်အစိုးရမှ တင်းကြပ်စွာကန် ့သတ်မှုကြောင့် မန္တလေး-မူဆယ် ကုန်ကားတချို့ရပ်နားထားရသည်။"ကုန်စည်တွေသယ်တဲ့တစ်ပိသာ (၇)ကျပ်ကနေ (၁၀)ကျပ်လောက်အထိကျသွားတယ်၊တရုတ်ဖက်က အဝယ်တွေကအဖမ်းအဆီးကြောင့်သိပ်မဝယ်ရဲတော့ ကုန်ကားတွေလဲ အရင်လောက်မထွက်ရဘူးဖြစ်နေတာပေါ့၊နယ်ကားတွေဆို ရပ်ထားကြတယ်"ဟု မန္တလေး-မူဆယ်ကုန်တင်ယာဉ်ကြီးများအသင်းမှ ဦးအေးမင်းကဆိုသည်။

မန္တလေးမှမူဆယ်ကို ဆန်၊သကြား၊ပြောင်း၊ဖရဲ စသည့်ကုန်စသည်များတင်ဆောင်ပါက တစ်ပိသာလျှင် (၆၆)ကျပ်ဝန်းကျင်မှ ယခုအချိန်တွင် (၅၇/၅၆)ကျပ်အထိ ကျဆင်းနေပြီး ကုန်မာအိမ်သုံးပစ္စည်းတင်ဆောင်ပါကတစ်ပိသာလျှင်(၂၈)ကျပ်ဝန်းကျင်အထိ ကျဆင်းလာကြောင်းသိရသည်။ကုန်ကားအများစုမှာ အပြင်ကုန်မရသည့်အခါ တွက်ချေမကိုက်မှုများရှိလာပြီး ရပ်နားထားရသည့်အခြေအနေမျိုးဖြစ်နေသည်။တရုတ်အစိုးရအနေနှင့်လယ်ယာထွက်ကုန်အချို့ကိုနယ်စပ်မှ တရားဝင်တင်သွင်းခွင့်မပြုထားဘဲ ပြည်နယ်အတွင်းလိုအပ်ချက်အပေါ ်မူတည်ကာ အဖမ်းအဆီးများကို လိုသလိုပြုလုပ်လျက်ရှိသည် ဟုလည်းသိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။