နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေးနှင့် အင်းစိန် အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူ ၇ ဦးကို သြဂုတ် ၇ ရက်က ပထမဆုံး လွွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သူများမှ အိုးဘိုထောင်မှ ဂုဏ်ထူးရကျောင်းသား ၅ ဦးနှင့် အင်းစိန်ထောင်မှ ဂုဏ်ထူးရကျောင်းသား ၂ ဦး ဖြစ်ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွှတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်းဖစ်ကြောင်း သိရသည်။

သတင်းအရင်းမြစ် Eleven Media Group

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။