ရန်ကုန်မြို့ တာမွေမြို့နယ်မှာဖြစ်ပွားခဲ့တာပါ။ဖြစ်စဉ်ဟာ တာမွေမြို့နယ် United Living Mall မှာအလုပ်လုပ်ကိုင်တဲ့မမေသီရိဇော်အသက်(၁၉)နှစ်ဟာ သူ၏ရည်းစားဖြစ်သူ အောင်ဆန်းဦးနဲ့ United living Mall ရဲ့အနောက်ဘက် လမ်းကြားမှာ သမီးရည်းစားချင်း စကားများရာမှဖြစ်ပွားခဲ့တာဖြစ်ပါတယ်။နှစ်ယောက်သားစကားများကြပြီး အောင်ဆန်းဦးဟာ ဓားဖြင့်ထိုး၍ထွက်ပြေးခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်ဖြစ်ပွားပြီးမကြာမှီမှာပဲ ကျုးလွန်သူအောင်ဆန်းဦးကိုမိခဲ့ပါတယ်။မမေသီရိဇော်ကတော့ ရန်ကုန်ဆေးရုံကြီးမှာအတွင်းလူနာအဖြစ် ကုသနေရပါတယ်။

တာမွေမြို့နယ်ရဲစခန်းကတော့ “ဓားထိုခံရသူကိုတော့စောင့်ကြည်နေပါတယ်။သတိရပြီ။စကားမပြောနိုင် သေးဘူး။ပြစ်မှုကျူးလွန်သူကိုတော့ အခင်းဖြစ်ပွားပြီးအကြာမှီမှာပဲ မိပါတယ်။လက်ရှိမှာစစ်ဆေးနေပါတယ်။” လို့လဲပြောပါတယ်။အဒေါ်ဖြစ်သူ ဒေါ်ဝင်းဝင်းကြည်မှ သွားရောက်ကြည့်ရှု့တဲ့အခါမှာတော့ ဗိုက်ဝမ်းထိုးသွင်း ဒဏ်ရာတစ်ချက်၊၀ဲနံဘေးထိုးသွင်းဒဏ်ရာတစ်ချက်၊၀ဲလက်ဖျံထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူအောင်ဆန်းဦးကို ဒေါ်ဝင်းဝင်းကြည်မှတရားလိုလုပ်ကာ တာမွေစခန်းမှာပဲတိုင်ကြားခဲ့ပါတယ်။တာမွေရဲစခန်းမှ အောင်ဆန်းဦးကို(ပ)၅၉၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မှ ၃၂၆ နဲ့အမှုဖွင့်ထားပါတယ်။

သတင်းအရင်းမြစ် Kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။