မန္တလေးတိုင်းဒေသကြီး၊၀မ်းတွင်းမြို့နယ်တွင် သြဂုတ်လ(၂၂)ရက် မနက် ၁၀ နာရီ ခွဲတွင် ဖြစ်ပွားခဲ့တာပါ။ဖြစ်ပွားရတဲ့ အကြောင်းအရင်းကတော့ ၀မ်းတွင်းမြို့ရှိ သဲတောစျေးသို့ ကုန်လာပို့တဲ့ ဒိုင်နာကားဟာ ကုန်ပို့ပြီးပြန်အထွက်မှာ ဓာတ်ကြိုးနဲ့ကားဟာ ချိတ်ဆွဲမိခဲ့ပြီး ကားအထွက်မှာဓာတ်ကြိုးဟာ ပျက်ကျခဲ့ပါတယ်။ပျက်ကျပြီး တဖက်မှ ဆိုင်ကယ်ကို နောက်မှာထိုင်၍စီးလာသူ မောင်သိန်းထက်စံဟာ ဓာတ်ကြိုးနဲ့ပတ်မိသလိုဖြစ်ပြီးသေဆုံးခဲ့တာဖြစ်ပါတယ်။

အဖေဖြစ်သူဦးနေဝင်းမောင်းနှင်လာပြီး တည့်တည့်ဝင်လာတဲ့ဓာတ်ကြိုးကိုအရှောင်မှာ ပျက်ကျလာတဲ့ကြိုးဟာ နောက်တွင်ထိုင်သူ မောင်သိန်းထက်စံ ကိုရစ်ပတ်မိသလိုဖြစ်ခဲ့တာပါ။၀မ်းတွင်းမြို့မ ရဲစခန်းကတော့ ဒိုင်နာယဉ်မောင်းသူ လှိုင်မြင့်ဝင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)နဲ့အမှုဖွင့်အရေးယူထားပါတယ်။

၀မ်းတွင်းမြို့မ ရဲစခန်းကတော့“ကျောက်ဆည်မြို့ရွာသစ်ရပ်နေတဲ့ လှိုင်မြင့်ဝင်းမောင်းတဲ့ ဒိုင်နာကားပါ ၊သဲတော့စျေးကိုကုန်လာပို့ပြီး အပြန်မှာ ဖြစ်တာပါ၊၀မ်းတွင်းမြို့တမာကုန်းနေတဲ့ ဦးနေဝင်းက ဆိုင်ကယ်မောင်းလာပြီး နောက်ခုံမှာ သားဖြစ်သူ ၁၀တန်းကျောင်းသား သိန်းထက်စံ စီးလာတာဖြစ်တယ်။မျက်နှာချင်ဆိုင် အရှောင်မှာ ဖြစ်သွားတာပါ။၁၀ တန်းကျောင်းသား သိန်းထက်စံ ညာဘက်ချိုစောင်း ပေါက်ပြဲသွားတယ်။ညာဘက်နားနဲ့လက်ချောင်းတွေ ပွန်းပဲ့ကုန်တယ် ၀မ်းတွင်ဆေးရုံရောက်မှ သေဆုံးတယ်” လိုပြောပြပါတယ်။ 

သတင်းအရင်းမြစ် DVB TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။