တကယ်သနားစရားကောင်းတဲ့ကလေးပါ။သစ်ပင်မပြောပါနဲ့လူတစ်ယောက်အိမ်ထဲမှာပဲ တစ်ပတ်လောက်ထားကြည့်ရင်တောင်မနေနိုင်ပါဘူး။အိန္ဒိယနိုင်ငံက ကျေးလက်ဒေသတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပထမကလေးတစ်ယောက်ကတော့ သူ့ရဲ့အဖေအမေတွေဟာ လွန်ခဲ့သောငါးနှစ်လောက်က HIV ရောဂါဖြင့်သေဆုံးခဲ့တာဖြစ်ပါတယ်။သူဟာအဖိုးအဖွားတွေနဲ့နေထိုင်ခဲ့ရတာပါ။သူ့ဆွေမျိုးအသိုင်းအဝိုင်းက လည်းဒါကိုထောက်ခံကြပါတယ်။ကောင်လေးရဲ့အဖွားကတော့ “အမ်ကအရမ်းဆိုသွမ်းပြီးထွက်ပြေးတတ်တယ်၊ဒါကြောင့် ကြိုးနဲ့နွားတင်းကုတ်မှာ ကြိုးနဲ့ချည်ထားလိုက်တာ” ဟုဆိုပါတယ်။ဒါဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ရာဇာ်ပြည်နယ်၊ကော်ယာရီရွာလေးမှာဖြစ်ပွားခဲ့တာပါ။ကလေးဟာ အသက်(၈)နှစ်သာရှိသေးပြီးအမြင်အာရုံချို့ရွင်းပြီးတော့ စိတ်ပိုင်းဆိုင်ရာရောဂါတွေလည်းရခဲ့ပါတယ်။

ဒုတိယကလေးငယ်တစ်ယောက်တော့ ဖခင်ကိုယ်တိုင်ချည်ထားခဲ့တာဖြစ်ပါတယ်။ထိုကလေးကတော့တကယ်သနားဖိုကောင်းပါတယ်။နှစ်ပေါင်းများစွာချည်ခံထားရတဲ့ကြိုးကြောင့် ကလေးခြေထောက်တစ်ဖက်ဟာ ကောက်ကွေးထွက်ကုန်ပါတယ်။ကလေးဟာ ခြေထောက်တွေပါလိမ်ပြီး ပိုလီယိုရောဂါဖြစ်ခဲ့ပြီး စိတ်ကျတဲ့ရောဂါအများအပြားပါဖြစ်ခဲ့ပါတယ်။သူကိုတော့ ၀တ်လစ်စလစ်ဘာမှမဝတ်ပေးဘဲ ခွေးတွေ၊နွားတွေကို ကြိုးချည်သလို့မျိုး ချည်ထားခဲ့တာပါ။ကလေးငယ်နှစ်ယောက်လုံးကိုတော့ ကလေးငယ်စောင့်ရှောင့်ရေးဆပ်ကော်မတီက လာရောက်ခေါ်ယူသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း အဲလိုပဲကလေးငယ်နှိပ်စက်မှုတွေများစွာရှိခဲ့ပါတယ်။ကလေးတွေကို အသက်ငယ်ငယ်မှာအဲလို့နှိပ်စက်တာဟာ သူတို့ဘဝကိုဖျက်စီးလိုက်တာပါပဲ။ငယ်ငယ်ထဲကအဲလို့လုပ်လာတဲ့အတွက်သူတို့ရဲ့ဘဝဟာ တိရိစ္ဆာန်သာသာဘဲရှိပါတော့တယ်။ဒါဟာ အလွန်ဆိုးရွားတဲ့ကိစ္စကြီးပါ။ဒီလိုလုပ်ရက်တွေကို ပြင်းပြင်းထန်ထန်အရေးယူ သတိပေးသင့်တယ်လို့ထင်ပါတယ်။

ကလေးသူငယ်နှိပ်စက်ခြင်း ကင်းဝေးကြပါစေ…လို့ဆုတောင်းရင်း…အဆုံးသတ်လိုက်ပါတယ်။

သတင်းအရင်းမြစ် KYAW THEIN SOE FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။