ဒီပင်လယ်လိပ်ကိုအရပ်အခေါ်အနေနဲ့ Green sea turtle (အစိမ်းရောင်ပင်လယ်လိပ် ) လို့ခေါ်ပြီး Scientific name ကတော့ Chelonia mydas လို့ခေါ်ပါတယ် ။ အချို့သောနေရာတွေမှာတော့ Black sea turtle ( ပင်လယ်နက်လိပ် ) လို့ခေါ်ကြပါတယ် ။
ကုန်းနေရေနေသတ္တဝါတစ်မျိုးဖြစ်ပြီးတော့ အပြင်အခွံမာက အညိုရင့်ရောင် သို့မဟုတ် သံလွင်ရောင် ရှိပြီး အခွံမာအောက်ရှိ အရေပြားအဆီလွှာမှာ အစိမ်းရင့်ရောင်ရှိပါတယ် ။ ဝမ်းဗိုက်အောက်ရှိအရေပြားကတော့ တဖြည်းဖြည်းအရောင်မှိန်သွားပြီး အဝါနုရောင် သို့မဟုတ် အဖြူရောင်ရှိတတ်ပါတယ် ။
အခြားပင်လယ်လိပ်တွေနဲ့ကွဲပြားတဲ့အချက်တွေကတော့
-မျက်စိရှေ့ရှိအကြေးခွံမှာ အခြားလိပ်တွေနဲ့မတူဘဲ တစ်ခုထဲရှိခြင်း
-ခန္ဓာကိုယ်မှာ ဘဲဥပုံနီးပါးရှိပြီးပြားချပ်ချပ် ဖြစ်ခြင်း
-အခြားလိပ်များနှင့် နှိုင်းယှဥ်ပါက ဦးခေါင်းအရွယ်အစား သေးငယ်ပြီး အရွယ်ရောက်ပြီးသား အစိမ်းရောင်ပင်လယ်လိပ်တစ်ကောင်ဦးခေါင်းဟာ ၃ ပေ မှ ၄ ပေ အထိသာရှည်ခြင်း စတဲ့အချက်တွေနဲ့ ခွဲခြားလို့ရပါတယ် ။
ဒီကမ္ဘာအကြီးဆုံးပင်လယ်လိပ်တွေကို နိုင်ငံပေါင်း၈၀ ရဲ့ အပူပိုင်းကမ်းရိုးတန်းတစ်လျှောက်တွင် တွေ့နိုင်ပါတယ် ။
အများအားဖြင့် ကော်စတာရီကာနှင့် ဩစတေးလျ နိုင်ငံများမှာ အများဆုံးတွေ့နိုင်ပါတယ် ။
လေ့လာချက်တွေအရ သူတို့ဟာ သူတို့နေထိုင်ကျက်စားရာနေရာကနေ အကွာအဝေး ၁၆၁၅မိုင် ( ၂၆၀၀ ကီလိုမီတာ ) ဝန်းကျင်ထိ သွားရောက်တက်ကြပါတယ် ။
ပင်လယ်ရေမှော် ပင်လယ်မြက်တွေနဲ့ ငါးသေးသေးလေးတွေကို အဓိကအစားအစာအနေနဲ့ စားသုံးကြပြီး
အဲ့ဒီသူတို့စားသုံးတဲ့ အစိမ်းရောင်အပင်တွေကနေပဲ ပင်လယ်လိပ်တို့ရဲ့ အရေပြားအဆီကို အစိမ်းရင့်ရောင်ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ် ။
အခုခေတ်မှာတော့ ဒီပင်လယ်လိပ်တွေကို ဖမ်းပြီး စားသုံးခြင်း ၊ ကိုယ့်အကျိုးစီးပွားအတွက် အသုံးချခြင်း တို့ကြောင့် Green sea turtle တွေဟာ မျိုးသုန်းပျောက်ကွယ်တော့မဲ့ အခြေအနေကို ရောက်ရှိလို့လာပါတယ် ။